Part 21

396 64 4
                                    

Unicode version

သွေးသွင်းထားသည့်အတွက် ယိုလီအနားယူနေသည်။အမြဲတစေ မျက်လုံးမှိတ်ထားသည်။ ရှာရွန်နဲ့မျက်နှာချင်းဆိုင်ဖို့ခက်ခဲနေတာမို့ အတက်နိုင်ဆုံးမဆုံဖြစ်အောင်ဒီနည်းပဲရှိမည်။

နေပြန်ကောင်းရင် သူမအရင်နေတဲ့ဘားမှာပြန်နေဖို့စီစဉ်သလို ရှာရွန်ကိုဟေဗင်နဲ့ပဲ အတူနေစေတော့မည်။

သူမနဲ့နေလဲ ကာကွယ်ပေးနိုင်မှာမဟုတ်ဘဲ။ အခုတော့။

"အိပ်ပျော်နေတာလား။ ဟုတ်လား"

သူမကိုစကားလာပြောတယ်။ ပြန်မပြောမှန်းသိရင် သူလုပ်စရာရှိတာလုပ်ပြီးပြန်ထွကမသွားတက်တယ်။

အချိန်ခဏလေးကိုသူမမြင်ခဲ့ရပေမယ့်။ ရှာရွန် သူမဆီရောက်လာချိန်နဲ့ယှဉ်ကြည့်ရင် ရှာရွန်အပေါ်။

"အင့်"

ရင်ဘက်ကိုလက်ဖဝါးနဲ့ရိုက်ချလိုက်သည့်အတွက် မှိတ်နေသော မျက်လုံးပွင့်လာပြီးအသံပါထွက်လာသည်။

"အိပ်ယောင်ဆောင်နေတယ်ပေါ့" ယိုလီ က

"သွေးသွင်းထားတာလေ မမြင်ဘူးလား"

ရှာရွန်သူမကိုမကျေမချမ်းနဲ့ကြည့်နေသည်။ ယိုလီမျက်လုံးပြန်မှိတ်ရင်း

"အားမရှိဘူး။ အိပ်ပဲအိပ်ချင်နေတာ"

ရှာရွန်က

"ဘာဖြစ်လာတာလဲ ပြောပြလို့မရဘူးလား"

ယိုလီက

"စကားပြောတာကိုက အားကုန်တာ။ "

ရှာရွန် ဘယ်လိုမှမကျေနပ်ပါ။ မနေ့ကပြန်လာကတည်းက ဖြူဖျော့နေပြီး စက္ကူရုပ်ကိုရေစိုထားလို့သယ်လာသလိုမျိုး။

အခုထိလဲမေးလို့မရ။ ပင်းယာဆိုတဲ့တယောက်ကလဲ ဘာမှမပြောပြ။ မမဝါနုဆို ပိုဆိး။ ဒီတော့။

"အကျဉ်းချုံးဖြစ်ဖြစ်"

ဆိုတော့ မျကိလုံးပွင့်လာပြီး

"သိပြီးဘာလုပ်မလို့လဲ။ ဘာလုပ်ပေးနိုင်မှာမို့လဲ"

ရှာရွန်ပြန်မဖြေနိုင်။ တကယ်လဲဘာမှမလုပ်နိုင်ဘူးလေ။ ယိုလီက

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now