Part 20

426 65 2
                                    

Unicode version

ပင်းယာပေးလိုက်သော သွေးပုလင်းသုံးလုံး။တလုံးကုန်ပြီဆိုတော့။

နောက်တလုံးဖွင့်သောက်လိုက်သည်။ ခဏချင်းမြင်ကွင်းတခုကိုပြောင်းသွားသည်။ နေရာက Windyine နန်းတော်ရဲ့ဧည့်ခန်းဆောင်အတွင်း။

ပင်းယာ၊ရီမွန်နဲ့ ရေခါကို ရှာရွန်နဲ့မိတ်ဆက်ပေးတဲ့နေ့ပါ။ ထိုနေ့က ယိုလီအနက်ရောင်အဝတ်ကိုပဲ ဝတ်ထားသည်။ Dark Guardian အသွင်မရှိဘဲ။

မင်းသမီးတယောက်ပွဲတက်လာသလိုပင်။ ဘေးမှာတော့ ပေါင်တဝက်ခန့်ရှိဂါဝန်အဖြူရောင်ဝတ်ဆင်ထားသည့် ရှာရွန်။ ရှာရွန်ကိုသူလက်တွဲထားသည်။

ဘာလို့ဒ္ီနေရာလဲ ။ ရှာရွန်အတွက် မကောင်းတဲ့အမှတ်တရရှိနေတာလား။ တကယ်‌တော့ ဒီညက အရမ်းပျော်ခဲ့ရတာမဟုတ်လား။

သူရပ်ကြည့်နေသည်။

"ရောက်လာပြီပဲ။ ဘယ်အချိန်ထိ အခန်းထဲဝှက်ထားမယ်လို့များရည်စူးထားတာလဲ"

ယိုလီက သူ့နေရာဝင်ထိုင်သည်။ စာပွဲဝိုင်းအကြီးမှာ လေးနေရာခွဲပြီးသူတို့လေးယောက်နေရာ ယူသည်။

ရှာရွန်အတွက်ခုံယူပေးဖို့ရီမွန်ပြောလာတော့

"မလိုဘူး။ သူငါ့ပေါ် ထိုင်လိမ့်မယ်"

"ယိုလီ"

ရှာရွန်မျက်နှာပျက်သွားသည်။ ဒါကို အခုမှယိုလီသိခဲ့ရသည်။ တချိန်ကသူမကတော့ပြုံးရင်း

"ဘာလဲ။ သူ့ကိုတနေရာသီးသန့်ပေးရမှာလား"

"ရှာရွန်။ ဒါမှာထိုင်"

ခါးကိုဆွဲဖက်ပြီး သူ့ပေါင်ပေါ်ထိုင်စေသည်။ ရှာရွန်လက်သီးဆုတ်ထားတယ်။ငိုမဲ့မဲ့ဖြစ်နေပြီ။ ပင်းယာက

"ဟေဗင် ခုံယူခဲ့။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ဖြစ်မှာလဲ"

ယိုလီက တချက်စောင်းကြည့်ပြီး

"မလိုပါဘူးဆို။ ထားပါ.."

ခုံသီးသန့်ရသွားပေမယ့် သူမ အနားတွင်သာနေရသည်။ ဘေးပါတ်လည်မှာ စားသောက်ဖွယ်ရာချဖို့ရပ်နေတဲ့ မိန်းကလေးတွေရှိသည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now