Part 6

541 61 0
                                    

Unicode version

ချိုင်းထောက်တစုံနဲ့ သွေးပုလဲသွား‌ရာနောက်တကောက်ကောက်လိုက်နေသည်။ အဆင်ပြေတာတခုက သွေးပုလဲကို အိမ်အပြင်ပေးမထွက်တာပင်။

ရေချိုးတာတောငိခြံထဲမှာပဲချိုးခိုင်းသည်။ အိမ်ရှေ့စိုက်ခင်းမှာ ပေါင်းနူတ်နေသည့် သွေးပုလဲဆီ ဖြေးဖြေးချင်းရောက်လာသည်။

"ငါ ဘာကူညီရမလဲ"

သူမအမေးကိုတချက်သာလှမ်းကြည့်ရင်း

"ကျိုးနေတာကို ဘာကူနိုင်မှာလဲ။ အေးအေးဆေးဆေးထိုင်နေပါ"

ယိုလီက ချိုင်းထောက်နှစ်ဖက်ကိုပစ်ချရင်း

"ဘယ်သူပြောလဲ ငါပြန်ကောင်းနေပြီ။ "

သွေးပုလဲလှည့်ကြညိ့လိုက်သည်။ ပုံစံကဘာမှမဖြစ်သလိုနဲ့။ မရမက ရပ်နေရတာက ဟန်ဆောင်ထားလဲသိသာနေတာကို။

ဘယ်လောက်ထိရပ်နိုင်မလဲကြည့်ရတာပေါ့။ သွေးပုလဲက

"ဒါဆိုလဲ ဒါလေးကူနူတ်ပေး"

ပြောပြောဆိုဆိုနဲ့ ခြင်းလတ်တလူံးပစ်ပေးရာ လှမ်းဖမ်းလိုက်ပေမယ့် ချက်ချင်းခွေကျသွားသည်။

"တောက်"

ယိုလီ ဒေါသထွက်လာသည်။ သူလုပ်ရင်ဘာမဆိုဖြစ်မှကြိုက်တာ။ ဒီရောက်ကတည်းကတခုမှကိုမဖြစိဘူး"

သွေးပုလဲပြေးလာပြီး သူမကိုလာထူသည်။

‌"wheelchair သုံးမယ်ဆိုရင်လဲပြော။ ကျွန်မ မမကိုပြောပေးမယ်"

ယိုလီက မော့ကြည့်ပြီး

"ငါလမ်းလျောက်ချင်တာ"

သူမကို စိတ်ပျက်သလိုကြည့်သည်။

"မဖြစ်ဘုးမဟုတ်လား။"

"ငါ့ကိုဒုက္ခိတလိုဆကိဆံလေလေ။ ငါလမ်းလျောက်ချင်လေပဲ"

သွေးပုလဲကပြုံးစိစိနဲ့။

"တော်တော်စိတ်မရှည်တာပဲ။ ဟိုတညက တွေ့လိုက်တယ်။ စောင်ခြုံတာတောင် လိုသလိုမဖ့စ်လို့ဖြဲပစ်တယ်မဟုတ်လား"

ယိုလီက

"တွေ့လိုက်တာလား။ မနက်ကျတော့ငါပြန်ချုပ်ထားပါတယ်"

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now