Epi_32

46.1K 4.4K 392
                                    

"ဘယ်လိုဖြစ်တာလဲ"

အ​ရေး​ပေါ်လူနာဌာနရဲ့ကုတင်​ပေါ်လှဲ​နေရတဲ့ ညီမ​လေးကိုမြင်​တော့ ကျွန်​တော့်ရင်ပူရခြင်းနှစ်ဆဖြစ်၏။ တစ်ဝက်တစ်ပျက်ပါးကွက်ကြား​လေးနဲ့ ဖြူ​ရော်​ရော်နှုတ်ခမ်းတို့က အပြုံး​လေး​တွေ​ဖျော့သည်။

"တစ်​နေကုန် မအီမသာဖြစ်တယ်ဆိုပြီး လှဲ​နေတာ။ ည​ရောက်​တော့ ​သွေး​​တွေဆင်းလာတာနဲ့ ​ဆေးရုံကို​ခေါ်လာလိုက်တာ ကို​နေ​သော်။ သားဦးမို့ ဖြစ်တတ်တယ်လို့​တော့ ​ပြောတယ်"

ညီမ​လေးလက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်ထားရင် ပြည့်လျှံ​အောင်က ရှင်းပြလာသည်။ ဗိုက်​ပေါ်တင်ထားတဲ့ ညီမ​လေး​ လက်က​လေးကိုဆွဲယူပြီး ကျွန်​တော် ကုတင်​ဘေးဝင်ထိုင်လိုက်ရ၏။ ကျွန်​တော့်ကိုဖုန်းဆက်လာ​တော့ပဲ ညရှစ်နာရီထိုး​တော့မည်။ ​ဝေဒနာ​တွေကို တစ်​နေကုန် ကြိတ်မှိတ်သည်းခံခဲ့ပုံရတဲ့မျက်နှာက နွမ်းလျ​နေ၏။

"​နေလို့မ​ကောင်းတာ ​စော​စော​ပြော​ရော​ပေါ့ ညီမ​လေးရာ။ မိန်းက​​လေး​တွေအတွက် ဒီအချိန်က သိပ်အန္တရာယ်များတာ အများကြီးဂရုစိုက်နိုင်မှ"

​သုံးလထဲဝင်လာတဲ့ ဗိုက်​ဖောင်း​ဖောင်း​လေးက အင်္ကျီကားကား​လေး​အောက်မှာ။ ​ချွေး​စေး​တွေနဲ့စီးကပ်​နေတဲ့ နဖူးစပ်ကို သပ်ချ​ပေးရင်း ညီမ​လေးလက်က​လေးကို ​ထွေးလို့ဆုပ်မိသည်။ အိမ်နဲ့ရုံး​ပြေးလွှား​နေရတဲ့ ​ယောက်ဖမျက်နှာက ဒီလ​တွေထဲမှ​ချောင်ကျ​နေ၏။ ဒီ​နေ့​တောင် ပိတ်ရက်မို့ အိမ်မှာအတူတူရှိ​နေကြလို့။ ပြည့်လျှံ​အောင်အလုပ်သွားရတဲ့​နေ့​တွေဆို အိမ်မှာ ညီမ​လေးတစ်​ယောက်တည်း။ အကူ​​​ခေါ်ဖို့လုပ်​ပေး​တော့လည်း ညီမ​လေးက လူစိမ်းမို့မကြိုက်။

​မွေးဖွားခါနီး​ပြီမို့ ပိုဂရုစိုက်ရမှာကို ဒီပုံစံအတိုင်း ဆက်သွား​နေလို့​တော့ ဘယ်လိုမှမဖြစ်။ ကျွန်​တော်ကိုယ်တိုင်လည်း အိမ်ပြန်ချိန်မိုးချုပ်တတ်တာမို့ ညီမ​လေးကို ​နေ့တိုင်းဝင်မကြည့်နိုင်။ မွေးဖွားပြီး​နောက်ပိုင်းကလည်း ကိုပြည့် သင်္ဘာတက်ရမည့်အချိန်​တွေနဲ့တိုက်ဆိုင်​နေပြန်၏။ ကိုယ်ဝန်​ဆောင်ချိန်​က​နေ ​မွေးဖွားပြီးချိန်ထိ ၂၄နာရီ အနီးကပ်ကြည့်ရှု​ပေးသူရှိမှ အဆင်​ပြေလိမ့်မည်။ ​​ အထူးသဖြင့် ​အ​တွေ့အကြုံရှိသည့်အမျိုးသမီးတစ်​ယောက်​ယောက်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now