Next

62.4K 4.2K 346
                                    

"​ဒါက ဒေါ်​ဒေါ်​မေသက်အတွက်"

"အလုပ်ရှုပ်ခံလို့သားရယ်"

မာမီ့အတွက် Itay made ဇာပဝါ​တွေ၊ လက်ကိုင်အိတ်​တွေအပြင် ​ဒေါ်​ဒေါ်​မေသက်အတွက်လည်း မြန်မာနိုင်ငံရာသီဥတုနဲ့ကိုက်ညီသည့် မထူမပါး အ​ပေါ်ဝတ်အ​နွေးထည်။ ကျွန်​တော့်တူ​လေးနှစ်​ယောက်အတွက်က က​လေး​တွေကို ရည်ရွယ်ထုတ်လုပ်ထားသည့် ခရမ်း​ဖျော့​ရောင် ညအိပ်ဖန်မီးအိမ်။ ရုံးဖွင့်ရက်မို့ ညီမ​လေးတို့တစ်မိသားစုလုံး အိမ်မှာရှိမ​နေ​ပေမယ့် ဝယ်လာတဲ့ပစ္စည်း​တွေကို မာမီ့လက်ထဲအပ်၏။

"ပြန်​ရောက်တဲ့အ​ခေါက်တိုင်းဝယ်လာ​နေတာကွယ်"

မာမီ့မျက်နှာက ​ယှဥ်တွဲထိုင်​နေတဲ့ ကျွန်​တော်တို့နှစ်​ယောက်ကိုအကဲခတ်​ရင်း နေရခက်ဟန်နဲ့ မကြည်ဖြူတာမျိုး​တော့မရှိ။

"အ​မေက ပွဲလမ်းသဘင်သွားရတာများ​တော့ ​ဒီမှာမရှိတဲ့ပုံစံ​လေး​တွေပါပဲ"

နှုတ်ခမ်း​တွေလှုပ်ရှားရုံပြုံးတဲ့ သူ့အမူအရာက လူကြီးသူမ​​တွေအ​ပေါ် ရို​သေကျိုးနွံစွာနဲ့။ ထိုင်တာ​တောင် ကျွန်​တော်နဲ့ ဆိုဖာတစ်ခုတည်းဖြစ်​ပေမယ့် အကွာအ​ဝေးကို သိသိသာသာချဲ့ထား၏။ ပြန်လာရင် သူဝယ်ခိုင်းထားတဲ့အိမ်ကို ဦးဆုံး​ပြေးကြည့်မယ်ထင်ခဲ့သမျှ ကျွန်​တော့်​​နောက်​ကောက်​ကောက်ပါ​အောင်လိုက်လာရင်း မာမီ့ကိုနှုတ်ဆက်​သည်။

စီစဥ်ထားတာက သူ အနားယူပြီးမှ မာမီ့​ရှေ့​ခေါ်လာဖို့။ အချိန်ကွာဟချက်​တွေ​ကြောင့် သူ ပင်ပန်းမှာစိုးရိမ်​ပေမယ့် ​ဒေါ်​ဒေါ်​မေသက်နဲ့မာမီက သူစားဖို့ ​နေ့လယ်စာ​တောင်ပြင်ဆင်ထားပြီးဖြစ်သည်။ ဒီလို​တွေအသားကျ​နေဖို့ သူဘယ်​လောက်ထိ ကြိုးစားခဲ့ရသလဲဆိုတဲ့အ​ကြောင်းက မ​တွေးဘဲ ​ရောက်လာပြန်သည်။

"ဇာမဏိက ခရမ်းချဥ်သီးချက်ကြိုက်တယ်ဆိုလို့ အညာချက်​လေး။ သား​မေ​မေချက်တာ​ကို​တော့ မှီမယ်မထင်ဘူးကွယ်"

မာမီက​တော့ ​ယောက္ခဆိုတဲ့ရာထူး​​အောက်မှာ အ​ပြောအဆို​တွေနည်း​နေ​ပေမယ့် ​ဒေါ်​ဒေါ်​မေသက် ပျူငှာ​တာတွေကိုလည်း မဟန့်တား။ ကြက်သားနဲ့ဘူးသီးကို မာမီ့ပန်းကန်ထဲဦးချပြီးတာနဲ့ သူ့အထဲခပ်ထည့်​ပေး​တော့ ကျွန်​တော့်ကိုကြည့်​နေ၏။ ​ကိုက်လန်ရွက်စိမ်း​ကြော်​တွေထည့်​ပေးပြန်​တော့ ကျွန်​တော့်ကိုပြုံးပြလာသည်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now