unicode
လင်အန်းလန်ကသူ့မှတ်ဉာဏ်တွေဆုံးရှုံးခဲ့ပေမဲ့
ကံကောင်းစွာနဲ့ သူ့ချစ်သူကောင်လေးက
ဒါကိုစိတ်ထဲမထားဘဲ သူ့ကိုနူးနူးညံ့ညံ့ဆက်ဆံဆဲ အလိုလိုက်ဆဲ၊တုန်နေအောင်ချစ်ဆဲပင်ဖြစ်သည်။လင်အန်းလန်စိတ်သက်သာရာရသွားပေမဲ့
တစ်နေ့ သူတို့အတူနေကြတဲ့အိမ်မှာ
သူကျောင်းသားဘဝကစ ၊ လက်ရှိအချိန်
နာမည်ကြီးတစ်ယောက်ဖြစ်သည်အထိ
သူတစ်ယောက်ထဲပုံအပြည့်နဲ့ဖိုတိုအယ်လ်ဘမ်
တစ်ခုကိုတွေ့မိသွားရာမှာတော့...။နောက်ဆုံးပုံရဲ့ကျောဖက်မှာ မင်အနက်ရောင်ဖြင့်
ရေးထားတာက - ငါသူ့ကိုလိုချင်တယ်။* ချန်ယွိက လင်အန်းလန်ကို၈နှစ်ကျော်ကြာတဲ့အထိ
နှစ်သက်သဘောကျဆဲဖြစ်ပြီးသူ သူ့ကို
လိုချင်သည့်တိုင် မဆင်မခြင်
လှုပ်ရှားဖို့ကိုတော့ကြောက်နေမိသည်။*
အဲ့ဒီနေ့မတိုင်ခင်ထိပေါ့...။
ပြတင်းပေါက်ကိုမိုးတွေလေတွေတိုက်ခတ်
ထိရိုက်နေစဉ်၊ တစ်စုံတစ်ယောက်ကတံခါး
လာခေါက်နေတဲ့အသံကိုသူကြားလိုက်ရသည်။
သူထွက်ပြီးကြည့်လိုက်တော့ အဝတ်တွေက
နစ်နေအောင်ရွှဲနေပြီး မင်နက်ရောင်ဆံစတွေကလည်း
စိုစွတ်လို့နေတဲ့ လင်အန်းလန်ကိုတွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းတွေဟာလည်းညအမှောင်ထဲ
နှင်းဆီတစ်ပွင့်လိုပိုမိုနူးညံ့နေဟန်ဖြစ်နေခဲ့သည်။"ကျွန်တော်ဒီမှာနေတာလား?" သူမေးခဲ့သည်။
ချန်ယွိကလည်းပြန်မဖြေခဲ့...။
လင်အန်းလန်က ရိုးအစွာရှုပ်ထွေးသွားဟန်ဖြင့်
မျက်မှုန်ကျုံ့လိုက်ရင်း "တောင်းပန်ပါတယ်။
ကျွန်တော်တချို့အရာတွေကိုမမှတ်မိတော့လို့။
တစ်ဆိတ်မေးပါရစေ ၊ ခင်ဗျားကကျွန်တော့်
ချစ်သူလား?ကျွန်တော်ကဒီမှာနေတာလား?"ချန်ယွိ သူ့ရင်ထဲအတော်ပင်အံ့အားသင့်သွားပေမဲ့
အသာပြုံးပြလိုက်ပြီးလင်အန်းလန်ကိုအထဲသို့
ဆွဲကာခေါ်လိုက်ရင်း သူတို့ကအစစ်အမှန်
ချစ်သူရည်းစားတွေလိုမျိုး နူးညံ့လွန်းတဲ့
အသံအနေအထားနဲ့"အင်း....မင်းပြန်လာတာနောက်ကျလိုက်တာ မိန်းမရာ"
........
YOU ARE READING
RomanceGot the permission from E translator. Quan shijie wo zui ai ni [Ent. circle] I Love You The Most In The World 全世界我最爱你 [娱乐圈] Original author - 林盎司 163 Chapters + 94 (3 Parts) Extras Myanmar translation I don't own the story.All credits go to original...