12[U+Z]

1.1K 257 10
                                    

unicode

ဘေဘီ ကိုယ့်ကိုကူညီပေးပါ၊ကိုယ့်ဘေးနားမှာပဲ
ကောင်းကောင်းနေပေးပါနော် ဟုတ်ပြီလား?

နှစ်ယောက်သားဟာရေချိုးခန်းထဲအချိန်အတော်
ကြာအောင်ပင်ရေချိုးခဲ့ကြပြီးနောက်မှအတူတူ
ထွက်လာလိုက်ကြသည်။

တိတိကျကျပြောရမယ်ဆိုရင်တော့ချန်ယွိက
လင်အန်းလန်ကိုပွေ့ပြီးထွက်လာခြင်းပင်။

အစကတော့ချန်ယွိကလင်အန်းလန်နဲ့အတူ
ရေချိုးခန်းထဲချစ်လိုက်ချင်ပေမဲ့အဆုံးမှာတော့
ကြားကလေထုလေးကအလွန်ပင်အပြစ်ကင်း
ရိုးသားနေတာကြောင့်သူတို့ဒီအတိုင်းသာ
ရေအတူချိုးလိုက်ကြပြီးတဘက်ဝတ်ရုံကို
ဝတ်ပြီးထွက်လာလိုက်ကြ၏။

လင်အန်းလန်လည်းချန်ယွိကစိတ်အခြေအနေ
ကေင်းနေမှန်းသိသိသာသာခံစားနိုင်လေသည်။

မနေ့ညကကိုပြန်တွေးမိတော့ သူသတိထားမိ
လိုက်တာကအဲ့တုန်းကလည်းချန်ယွိကပျော်ရွှင်
နေပုံပြပေမဲ့သူပြသလောက်ပျော်ရွှင်မနေခဲ့မှန်း
သိသာလွန်းသည်ပင်။

သူချစ်သူကသူ့ကိုအတော်ပင်ချစ်ပြီးသူ့အတွက်
တွေးပေးရင်းမကောင်းတဲ့ခံစားချက်တွေကိုပါ
သူ့ဆီကူးသွားစေမျိုးမဖြစ်အောင်ကြိုးစားပေး၏။

ဒါကလည်းစိတ်လုံခြုံမှုကင်းမဲ့ခြင်းရဲ့သင်္ကေတတစ်ခု
ဖြစ်တာကြောင့်ရှေ့လျှောက်သူ ချန်ယွိအပေါ်
ပိုပြီးအာရုံစိုက်ပေးသင့်သည်ဟုလင်အန်းလန်
တွေးမိ၏။

ချန်ယွိကသူ့ဆံပင်ကိုလေမှုတ်လို့ပြီးသွားတာကြောင့်
ရေတစ်ခွက်လောက်သွားယူဖို့လုပ်စဉ်မှပဲ
သူ့ဖုန်းကမြည်လာခဲ့လေသည်။

သူကဖုန်းကိုကောက်ယူကာကြည့်လိုက်ပြီးနောက်
ကိုင်ထားရင်းပင်အပြင်သို့ထွက်သွား၏။
"ကိုယ်ရေနည်းနည်းလောက်သွားယူရင်း
ဖုန်းဖြေလိုက်အုံးမယ်နော်"

"အိုခေ"

ရေယူပြီးတဲ့နောက်မှာတော့ချန်ယွိက
စာကြည့်ခန်းထဲသို့ဝင်သွားလိုက်တော့သည်။

"ဘာဖြစ်လို့လဲ?"

"ကျန်းရွှိကဆရာလေးလင်းကိုစောနကတင်
ဖုန်းခေါ်သေးတယ်။အဲ့တာအပြင်ဒီနေ့အတွင်းမှာ
wechat နှစ်စောင်ပို့ဖို့လုပ်ပေမဲ့မရောက်သွားဘူး"

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now