unicode
မင်းငါ့ကိုနမ်းပါ
စွင်းမုန်နားမလည်နိုင်နေတာက လင်အန်းလန်အနေနဲ့
ချန်ယွိအပေါ်ဘယ်လိုပြုစားမှုမျိုးကို
လုပ်ခဲ့တာကြောင့်သူ့ကိုဒီအခြေအနေအထိ
ရောက်အောင်ညှို့ထားနိုင်တာလဲပဲ....။အရင်ကဆိုချန်ယွိကလင်အန်းလန်နဲ့အတူ
အလုပ်လုပ်နိုင်ဖို့လောက်ကိုစိတ်ပိုင်းဖြတ်
သန္နိဠာန်ချထားတာ။အခုတော့ပိုကောင်းရော...။
လင်အန်းလန်ကပါဝင်သရုပ်မဆောင်ဘူးဆိုရင် သူပါမလုပ်တော့ဘူးဖြစ်သွားပြီ။
ဒါကတမင်ကိုတဇွတ်ထိုးဆန်ပြီး
ထိန်းမနိုင်သိမ်းမရဖြစ်နေမှုကြီးပဲ!စွင်းမုန်ကတော့မနေနိုင်မထိုင်နိုင်ဘဲသူ့ကို
ဖျောင်းဖျအယုံသွင်းကြည့်ပါသေးသည်။
[ကျင်းဟွမ်ကလဲ အဓိကဇာတ်ကောင်ဖြစ်ပေမဲ့
ကုရှုယွီကသိသိသာသာကိုပဲဒီဇာတ်လမ်းရဲ့
အသက်လေ။ကျင်းဟွမ်နဲ့စွင်းရှင်းရှင်းက
သူ့ဆီကမှတစ်ဆင့်ချည်နှောင်ထားတာ။
အဲ့ဒါအပြင်ဒါရိုက်တာကျန်းကလဲမင်းကို
ကုရှုယွီနေရာမှာသရုပ်ဆောင်စေချင်တာဆိုတော့
မင်းကုရှုယွီအတွက်ပဲauditionဖြေသင့်တာပေါ့။
အကယ်၍သူနဲ့သရုပ်ဆောင်ချင်သပါ့ဆိုလဲ
သူ့ကိုကျင်းဟွမ်နေရာသရုပ်ဆောင်ခိုင်းလိုက်လေ]ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်မှာတဲ့လဲ?
ချန်ယွိတွေးလိုက်မိသည်။လင်အန်းလန်က
ဘယ်လိုလုပ်ကျင်းဟွမ်နေရာကိုသရုပ်ဆောင်မှာလဲ?သူကကျန်းရွှိမှမဟုတ်တာ လင်အန်းလန်က
ဘယ်လိုလုပ်ကျင်းဟွမ်ဖြစ်နိုင်မှာတဲ့လဲ...။ပြီးတော့လင်အန်းလန်ကိုယ်တိုင်ကကို
ကုရှုယွီပဲဟာ...။ချန်ယွိ : [တော်ပြီဒီလောက်ပဲ။ ငါသူနဲ့အရင်
ပြောကြည့်ပြီးတာနဲ့ရက်ပိုင်းအတွင်းမင်းကို
အကြောင်းပြန်ပေးမယ်]ချန်ယွိကအဆုံးသတ်ပြောပြီးနောက်ဖုန်းကို
ကော်ဖီစားပွဲပေါ်ပြန်တင်ထားလိုက်သည်။သူလင်အန်းလန်ကိုကြည့်လိုက်ရင်းတွေးမိသည်။
လင်အန်းလန်ကကုရှုယွီနေရာမှာ
သရုပ်ဆောင်ဖို့သူ့ဖက်ကသဘောတူပါ့မလား
ဆိုတာသူမသေချာမရေရာပါ။
YOU ARE READING
RomanceGot the permission from E translator. Quan shijie wo zui ai ni [Ent. circle] I Love You The Most In The World 全世界我最爱你 [娱乐圈] Original author - 林盎司 163 Chapters + 94 (3 Parts) Extras Myanmar translation I don't own the story.All credits go to original...