1[U+Z]

4.3K 484 19
                                    

unicode

သူ့ချစ်သူကသူ့ကိုအရမ်းချစ်တဲ့ပုံပဲ

လင်အန်းလန်နိုးလာတော့ အိမ်အပြင်ဖက်မှာ
မိုးကသည်းဆဲဖြစ်သည်။

နဂိုကခပ်မှိန်မှိန်အလင်းကို လေးလံထူထည်းတဲ့
လိုက်ကာစတွေက ကွယ်ထားတာကြောင့်
အခန်းထဲ၌ပိုပြီးတော့ မှုန်ဝါးသွားစေသည်။
ခြုံစောင်လေးအောက်က နွေးထွေးမှုကတော့
ချွင်းချက်ပေါ့။

ဒီလိုမိုးရွာတဲ့နေ့တွေကစောင်နွေးနွေးအောက်
ခွေအိပ်နေဖို့အတွက်အသင့်လျော်ဆုံးပါပဲ။

ကျောက်စိမ်းလင်ဗန်းထဲကို ပုလဲလုံးတွေ
ပစ်ချနေသလိုမျိုး မိုးစက်မိုးပေါက်တွေ
တဖြောက်ဖြောက်ကျနေတဲ့အသံကို
လင်အန်းလန် နားစွင့်နေလိုက်သည်။

အလေ့အကျင့်အရ သူ့ကျောကိုကွေးလိုက်မိတဲ့
အခါမှာတော့နွေးထွေးနဲ့ရင်ခွင်တစ်ခုထဲ
ထိခတ်ကျရောက်သွားတော့သည်။

သူ့ရဲ့ခါးနဲ့ဝမ်းဗိုက်ပေါ်ကလက်က
ဖိအားပိုတိုးလာခဲ့ပြီးအနောက်မှတိုးကပ်
လာတာနဲ့တစ်ချိန်ထဲမှာပဲသူ့ကိုလဲတင်းကြပ်စွာ
ကိုင်ထားကာအနောက်သို့ဆွဲကပ်လိုက်သည်။

"နိုးပြီလား?" ချန်ယွိကမေးသည်။

လင်အန်းလန်လှည့်ကြည့်လိုက်တော့
ချန်ယွိရဲ့ရှင်းလင်းနေတဲ့ပုံပန်းသွင်ပြင်အရ
နိုးနေခဲ့တာအတန်ကြာပြီဖြစ်ကြောင်း
အထင်အရှားပင်။သူလှည့်ကြည့်လာတာကို
မြင်တော့ ချန်ယွိမျက်ဝန်းတွေထဲနူးညံ့မှုတွေ
ပိုတိုးလို့လာခဲ့သည်။

လင်အန်းလန်က ခေါင်းငြိမ့်ပြလိုက်ရင်း
သူ့ဖက်ကိုကိုယ်အပြည့်လှည့်လိုက်ကာ
မျက်နှာချင်းဆိုင်လိုက်ပြီး အသာပြုံးပြလိုက်သည်။

ချန်ယွိက သူ သူ့ကိုပြုံးပြနေတာမြင်တော့
မနေနိုင်စွာနဲ့ပဲ အနားတိုးကပ်လာပြီး
နူးညံ့သိမ်မွေ့စွာနမ်းရှိုက်လာသည်။

မနက်ခင်းနိုးထဖို့အန္တရာယ်ရှိတဲ့အချိန်တစ်ခု
ဖြစ်တဲ့အပြင်အထူးသဖြင့်လင်အန်းလန်ကလည်း
သူ့လက်မောင်းတွေကြားရှိနေသည်။
သို့နှင့်ပဲ သိပ်မကြာလိုက် ၊ သူ့ကိုယ်မှာ
ပြောင်းလဲလာတဲ့အရာတချို့ကိုချန်ယွိ
သတိထားမိလိုက်သည်။

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now