3[U+Z]

1.9K 358 11
                                    

unicode

ငါလည်း မင်းနဲ့အတူ
အသက်တွေကြီးသွားချင်ပါတယ်

လင်အန်းလန်ကရေကိုအကြာကြီးချိုးမနေဘဲ
ခဏလောက်သာသန့်စင်ဆေးကြောပြီး
ထွက်လာခဲ့သည်။

ချန်ယွိကဂျင်းလက်ဖက်ရည်ကိုခွက်တစ်ခွက်ထဲ
ငှဲ့ပေးလိုက်ပြီးသူ့ကိုကမ်းပေးလိုက်၏။
သူ့ဆံပင်တွေကစိုစွတ်နေဆဲဖြစ်နေတာကို
မြင်တော့ ဆံပင်မှုတ်စက်သွားယူလာပြီး
သူ့ဆံပင်တွေကိုခြောက်သွားအောင်ကူညီ
မှုတ်ပေးလိုက်သည်။

လင်အန်းလန်ကအနည်းငယ်ရှက်နေမိတာကြောင့်
"ငါ့ဘာသာငါလုပ်ပါ့မယ်"ပြောလိုက်သော်လည်း

ချန်ယွိကရယ်လိုက်ပြီး
"ကိစ္စမရှိပါဘူး။ကိုယ်မင်းကိုအခုလို
ဆံပင်မှုတ်ပေးလေ့ရှိတာပဲ၊မင်းက
ဂျင်းလက်ဖက်ရည်ကိုသာအရင်သောက်လိုက်၊
ကိုယ့်အဲ့တာကိုဘလက်တီးနဲ့ဖျော်ပေးထားတာ"

သူမှတ်မိသည်။လင်အန်းလန်က ဘလက်တီးကို
သဘောကျနှစ်သက်သည့်အကြောင်း။

လင်အန်းလန်ခွက်ကိုယူလိုက်ပြီး
လေလေးအသာမှုတ်ကာတစ်ငုံသောက်ကြည့်၍
အရသာခံလိုက်သည်။

ဂျင်းလက်ဖက်ရည်က သူ့လည်ချောင်းအတွင်း
အနည်းငယ်ရှတတနိုင်ပေမဲ့ဘလက်တီးက
သကြားဖြင့်အချိုအရသာထည့်ထားတာမလို့
ဂျင်းကြောင့်ရှတတအရသာကိုလျော့သွားစေသည်။

လင်အန်းလန်ကခွက်ကိုကိုင်ထားရင်း
အနည်းငယ်စီသောက်နေတာကိုကြည့်ပြီး
ချန်ယွိနှလုံးသားလေးဟာလည်း
မသိလိုက်မသိဘာသာပင် နူးညံ့သွားခဲ့သည်။

လင်အန်းအန်ဒီကိုရောက်လာတာ ဘယ်သူ့အတွက်ပဲ
ဖြစ်ဖြစ်၊ ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် ၊ သူ့မှာ
အမှန်တကယ်မှတ်ဉာဏ်ပျောက်တတ်တဲ့ရောဂါ
ရှိတာဖြစ်စေမရှိတာဖြစ်စေ အရေးမကြီးတော့။
သူဒီမှာရှိနေတယ်ဆိုရုံနှင့်ပင်လုံလောက်ပြီဖြစ်သည်။

သူ့ဘဝတစ်လျှောက်လုံး လင်အန်းလန်ကို
တစ်နေ့မှာတော့ သူထိတွေ့နိုင်မယ်၊ ထွေးပွေ့နိုင်မယ်၊
နမ်းရှိုက်နိုင်မယ်လို့တွေးတောင်မတွေးဖူးခဲ့ပေမဲ့
အခုတော့သူအားလုံးကိုလုပ်နိုင်နေပြီပင်။

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now