15[U+Z]

1.2K 242 12
                                    

unicode

ငါနဲ့သွားပြီးမဒိတ်ချင်ဘူးလား?

"ဒါပေါ့"လင်အန်းလန်ကတုန့်ဆိုင်းမနေဘဲ
"မင်းကပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်ပါ"

"ဒါဆိုကိုယ်ကမင်းအပေါ်ကောင်းတယ်လို့
မင်းထင်လား?"

"မင်းကငါ့အပေါ်အကောင်းဆုံးဖြစ်နေပြီးသား
မဟုတ်ဘူးလား?မင်းကဒီအတိုင်းကိုတီဗွီမှာပါတဲ့
မော်ဒယ်ချစ်သူရည်းစားတွေထက်သာပြီးသားပါ"

ပိုမိုစိတ်သက်သာရာရစွာဖြင့် ချန်ယွိသူ့ကို
တင်းတင်းကြပ်ကြပ်ဖက်ထားလျက်
"ဒါဆိုရင်အဆင်ပြေပါတယ်"

"မင်းသဘောကျနှစ်သက်ပေးဖို့ကိုယ်က
လုံလုံလောက်လောက်ကောင်းမနေမှာကို
စိုးရိမ်နေခဲ့တာ"

"မင်းကအရမ်းကိုကောင်းနေပြီးသားပါ"
လင်အန်းလန်ကသူ့နှလုံးသားရှိရာ
ရင်ဘတ်တည်နေရာထက်အသာလေး
ပုတ်လိုက်လေ၏။

ချန်ယွိကရယ်မောရင်းဖြင့်သာခေါင်းငြိမ့်
ပြလိုက်တော့သည်။

ထို့နောက်ရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိကာ
လင်အားလန်အားပြောလိုက်သည်။
"ဒါပေမဲ့ကျန်းရွှိကကိုယ့်ကိုအတော်မနှစ်သက်တာ
ဆိုတော့မင်းရဲ့အတိတ်မေ့သွားတဲ့အကြောင်း
သူ့ကိုမပြောပြသေးတာကောင်းမယ်ထင်တယ်။
မဟုတ်ရင်သူကကိုယ်တို့ဆက်ဆံရေးကို
ဆွပေးဖို့တစ်ခုခုလုပ်လာမှာကိုကိုယ်စိုးရိမ်တယ်"

လင်အန်းလန်ကသူ့ကိုသံသယမဝင်တဲ့အပြင်
သူကိုယ်တိုင်ကလည်းကျန်းရွှိနဲ့ထပ်စကားမပြော
ချင်တော့တာကြောင့်အလွယ်တကူပင်
သဘောတူလိုက်၏။
"ရတယ်လေ"

ချန်ယွိကသူ့အားပြင်းပြင်းထန်ထန်
နမ်းလိုက်တော့လေသည်။
"ကိုယ့်မိန်းမကအရမ်းကောင်းတာပဲ"

လင်အန်းလန်သူ့ကိုပြုံးပြလိုက်ပြီး
လွတ်ပေးဖို့အတွက်လက်ကိုအသာပုတ်လိုက်ရင်း
"မောင်းတော့လေ၊ ပြန်ကြရမဲ့အချိန်ရောက်ပြီ"

ချန်ယွိကလွှတ်မပေးခင်သူ့ကိုအင်တင်တင်ဖြင့်
ထပ်နမ်းလိုက်သေး၏။

လင်အန်းလန်ကသူ့ခရီးသည်ထိုင်ခုံမှာ
ပြန်ထိုင်လိုက်ကာခါးပတ်ပတ်ပြီးနောက်
ချန်ယွိဖက်သို့ခေါင်းလှည့်လိုက်ပေမဲ့
ချန်ယွိကကျန်းရွှိနဲ့အနည်းငယ်ဆင်တူ
နေတာကြောင့်ရုတ်တရက်အံ့အားသင့်သွားရ၏။

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now