11[U+Z]

1.2K 250 5
                                    

unicode

ငါမင်းကိုသဘောကျတယ်

"အဲ့တာအတိတ်ကပဲ"

"အခုထိအတူတူပဲ!"

လင်အန်းလန်အနေနဲ့ပြောစရာစကားပင်
ပျောက်ရှသွားလျက်အတော်ပင်ပေကပ်ကာ
ပြောရခက်တဲ့သူပဲဟုသာတွေးမိတော့သည်။
ချန်ယွိကလက်ရှိသူ့ချစ်သူဖြစ်နေပြီကို
ကျန်းရွှိကသေချာသတိပြုမိသွားပြီကြောင့်
တောင်းပန်စကားပြောဖို့သူ့ကိုခေါ်လိုက်တာဟု
ထင်ခဲ့မိပေမဲ့သူမှားသွားခဲ့သည်။ကျန်းရွှိက
သူ့ရင်ထဲမှာတော့ချန်ယွိကလက်မခံပေးနိုင်ဆဲပင်။

အဲ့ဒီတော့ဒါကဘယ်လိုအမှားဝန်ခံတာမျိုးတဲ့လဲ?
သူ့အနေနဲ့ရောသူတို့ကသူငယ်ချင်းကောင်းတွေလို့
ဘယ်လိုတောင်ပြောရဲရတာလဲ!

သူအိပ်ယာပေါ်မှဆင်းလိုက်ကာ
ဧည့်ခန်းထဲသို့သွားလိုက်ပြီးဂရုမစိုက်တဲ့
လေသံဖြင့်သာပြန်ပြောလိုက်၏။
"ကျန်းရွှိ ဒါကမင်းရဲ့အမှားကိုသိပါပြီဆိုတာလား?
မင်းကမင်းကိုယ်မင်းမှားကြောင်းတွေးမိတယ်လို့
ငါတော့မထင်ဘူး"

"ရှောင်လန် ၊ ပြဿနာကမတူညီတဲ့အရာနှစ်ခုလေ"

"ဒါကဘယ်လိုလုပ်မတူညီတဲ့အရာနှစ်ခုဖြစ်မှာလဲ?
ငါအရင်ကတော့မင်းကိုကတိပေးရင်ပေးခဲ့ဖူးမယ်၊
ဒါပေမဲ့အခုတော့ချန်ယွိကငါ့ရဲ့ကောင်လေးဖြစ်နေပြီ
ဒီတော့အရင်ကလိုမဟုတ်ဘဲသူနဲ့အတူ
ဘာကြောင့်ရှိုးတစ်ခုမရိုက်နိုင်ရမှာလဲ?
အခု မင်းကမှကျိုးကြောင်းမဆီလျော်နေတာလို့
မင်းမထင်မိဘူးလား?"

"မင်းကတကယ်ကိုငါ့ကိုစိတ်ဆိုးနေတုန်းပဲ"
ကျန်းရွှိကကူကယ်ရာမဲ့စွာပြောလိုက်၏။

"ဒါပေါ့ ငါမင်းကိုစိတ်တိုတာပေါ့။
မင်းကငါ့အချစ်ဆုံးသူငယ်ချင်းလေ၊ ဒါပေမဲ့
မင်းဖက်ကရော?ကြည့်ပါအုံးမင်းဘာတွေ
လုပ်နေသလဲဆိုတာ!"

"ငါမှားတာငါသိပါတယ် ရှောင်လန်၊
ငါတောင်းပန်ပါတယ်။ငါမင်းဆီအဲ့တာကို
မပြောခဲ့သင့်ဘူး ဒါပေမဲ့အခုငါ့အမှားတွေကို
သိနေပါပြီ၊ငါကဒီအတိုင်းမင်းကိုချန်ယွိနဲ့အတူ
ရသစုံရှိုးကိုမရိုက်စေချင်ရုံပါ။ဒါပဲငါတောင်းဆိုတာ
မင်းငါ့ကိုကတိပေးနိုင်မလား?"

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now