unicode
လင်အန်းလန်စိတ်ထဲထားသည်။
သူအတော်ပင်စိတ်ထဲထားပါသည်။လင်အန်းလန်ကတော့ ရသစုံရှိုး၏ပထမ
seasonကိုကြည့်နေတုန်းဖြစ်သည်။
သူ့ထက်အရင်သွားဖူးထားကြတဲ့သူတွေရဲ့
အတွေ့အကြုံတွေကနေလေ့လာရန်အတွက်
ခပ်စောစောကြိုကြည့်ထားပြီးသူသွားတဲ့အခါ
ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့
ပြင်ဆင်ထားခြင်းဖြစ်သည်။သူကြည့်နေတုန်းမှာပဲ ကျိုးစစ်ယာထံမှ
ဖုန်းကောလ်တစ်ခုလက်ခံရရှိ၏။
"ဒါရိုက်တာကျန်းမှာဇာတ်လမ်းအသစ်ရိုက်ဖို့
ရှိတယ်တဲ့၊အခုcastingလဲခေါ်နေတာ မင်းကြိုးစားကြည့်ချင်လား?
ငါမင်းကိုဇာတ်ညွှန်းပို့ပေးထားတယ်၊
'ယွင်းယွင်'ဆိုတဲ့တစ်ခု""ဟင့်အင်း"လင်အန်းလန်ငြင်းဆိုလိုက်၏။
"same-sex themeနဲ့ပတ်သက်တဲ့ဇာတ်လမ်းမျိုး
ငါသရုပ်မဆောင်ချင်ဘူး""same-sex themeမျိုးမဟုတ်ပါဘူး
ကျင်းဟွမ်ကကုရှုယွီကိုကြိုက်ပေမဲ့အဲ့တာက
ဇာတ်လမ်းရဲ့အပိုင်းသေးသေးလေးပဲ။ပြီးတော့
ဇာတ်လမ်းကသူ့တို့အချစ်အကြောင်းမှမဟုတ်တာ
ဒီတော့ဒါကိုsame-sex themeအဖြစ်မယူပါဘူး""အဲ့လိုဆိုလည်းအဆင်မပြေပါဘူး။ငါကိုယ်တိုင်က
လိင်တူကြိုက်တဲ့သူလေအဲ့ဒီတော့ ဒီလိုဇာတ်လမ်းမှာ
ပါဝင်သရုပ်ဆောင်လိုက်တာက ပွင့်ပွင့်လင်းလင်း
တရိုးတသားနဲ့အကောင်လိုက်ထွက်ပြလိုက်
သလိုမျိုးပဲမဟုတ်ဘူးလား?"အဲ့တာလည်းမှန်တော့မှန်သည်။ကျိုးစစ်ယာအနေနဲ့
သူအခုလိုပြောလာတာကိုနားထောင်ပြီး
အဓိပ္ပါယ်ရှိတယ်လို့တွေးမိပေမဲ့"ငါကြားတာကတော့ ရှဲ့ဟွေ့လဲ audition
သွားဖြေတယ်တဲ့""ရှဲ့ဟွေ့?"
"မင်းကမှတ်ဉာဏ်တွေပျောက်သွားတာဆိုတော့
မသိတော့တာပဲ။ရှဲ့ဟွေ့ကမင်းထက်တစ်နှစ်
နောက်ကျပြီးပွဲဦးထွက်ခဲ့တာ၊ပြီးတော့
လင်အန်းလန်အငယ်လေးဆိုတဲ့နာမည်ခံနဲ့
ပွဲတွေအမျိုးမျိုးကိုတက်ရောက်ခွင့်တွေရတယ်။
အကယ်၍သူသာဒီဇာတ်လမ်းအတွက် audition
အောင်သွားခဲ့ပြီးဒါရိုက်တာကျန်းနဲ့သာအလုပ်အတူ
လုပ်ခွင့်ရမယ်ဆိုရုပ်ရှင်လောကမှာသူ့ရဲ့
လမ်းကြောင်းကအတော်ကိုချောမွေ့သွားလိမ့်မယ်။
ဒီဇာတ်လမ်းကပေါက်သွားတာဒါမှမဟုတ်
ဆုတစ်ခုခုရရှိခဲ့တာမျိုးဆိုရင်ဒါကမင်းအပေါ်
ဖိအားတစ်ခုဖြစ်လာပြီးမင်းရဲ့ antiတွေကလည်း
သေချာပေါက်ခေါင်းပေါ်ထိတက်ဖို့ပြင်ကြတော့မှာ"
YOU ARE READING
RomanceGot the permission from E translator. Quan shijie wo zui ai ni [Ent. circle] I Love You The Most In The World 全世界我最爱你 [娱乐圈] Original author - 林盎司 163 Chapters + 94 (3 Parts) Extras Myanmar translation I don't own the story.All credits go to original...