6[U+Z]

1.4K 277 6
                                    

unicode

အားလုံးကမိန်းမရဲ့အရမ်းဆွဲဆောင်မှု
ရှိလွန်းနေတဲ့အမှားပဲ,ယောက်ျားက
အပြုမူကောင်းတွေမပြုမူနိုင်တော့ဘူး

လင်အန်းလန်အနေနဲ့တကယ်ကိုပဲထပ်မရွေ့ချင်
တော့ပေမဲ့ချန်ယွိက ဒီတစ်ကြိမ်ကွန်ဒုံး
မသုံးခဲ့တာကြောင့် မတတ်နိုင်စွာနဲ့ပဲ
သူ့ကိုသာမျက်စောင်းခဲကာ
အပြစ်တင်လိုက်သည်။
"အားလုံးမင်းအမှားကြောင့်ပဲ"

ချန်ယွိကပြုံးလိုက်ပြီးသူ့အားနှုတ်ခမ်းထက်
အနမ်းလေးပေးကာပျော်ရွှင်စွာဖြင့်ပင်
ချော့လေသည်။

"အင်း အားလုံးကိုယ့်အမှားကြောင့်ပဲ
ကိုယ့်မှာ သက်လုံအားကောင်းကောင်းမရှိဘူးလေ"

လင်အန်းလန်နှင့် နဖူးချင်းဆိုင်ထားလျက်
သူ့မျက်ခုံးတို့ဟာသိမ်မွေ့ပြေလျော့နေခဲ့ပြီး
မျက်ဝန်းတို့မှာလည်း နင့်နင့်နဲနဲအချစ်တို့ဖြင့်
ပြည့်နက်နေလျက် "အာ မဟုတ်ဘူး၊ ဒါကိုယ့်ရဲ့အမှားကြီးပဲမဟုတ်ဘူးပဲ။
ကိုယ့်မိန်းမကအရမ်းပဲဆွဲဆောင်မှုရှိနေတာကလဲ
အမှားပဲ၊ အဲ့တာကြောင့်ကိုယ်ကောင်းကောင်း
မပြုမူနိုင်တော့တာလေ"

သူ့ရဲ့စကားတွေကြောင့်လက်အန်းလန်အနေနဲ့
ရယ်ရမလား ငိုရမလားပင်မသိတော့။
သို့သည့်တိုင်သူစိတ်ဆိုးနေဆဲပဲမလို့
ခါးကိုလှမ်းဆိတ်ပေးလိုက်ပြီး
"ထပ်လာပြန်ပြီ ပေါက်တတ်ကရတွေ"

ချန်ယွိကသူ့လက်ကိုဆွဲကိုင်လိုက်ကာ
နှုတ်ခမ်းတွေရှေ့ယူလာပြီး နူးညံ့စွာနမ်းလိုက်သည်။

"ပေါက်တတ်ကရတွေမဟုတ်ပါဘူးကွာ
ကိုယ့်မိန်းမကတစ်လောကလုံးမှာအနူးညံ့ဆုံး၊
စဉ်းစားအပေးတတ်ဆုံးနဲ့အကောင်းဆုံးသော
အမျိုးသားတစ်ယောက်ပဲ"

"မင်းကိုယ်တိုင်မဟုတ်ဘူးလား အဲ့တာက?"
လင်အန်းလန်ရယ်လိုက်လေသည်။

"ဘယ်လိုလုပ်ကိုယ်ကမင်းနဲ့ယှဉ်လို့ရမှာလဲ"
ချန်ယွိကသူ့အားတင်းကြပ်စွာဖက်လိုက်ပြီး
စောင်ကိုမ,ကာ သူ့ကိုပွေ့ချီလိုက်လေသည်။

"သွားကြစို့ ၊ မင်းကိုသန့်ရှင်းရေးလုပ်ပေးပြီးရင်
အိပ်ကြရအောင်"

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲDonde viven las historias. Descúbrelo ahora