18[U+Z]

1.4K 259 14
                                    

unicode

ကိုယ်မင်းကိုတကယ်ကို
အရမ်းပဲသဘောကျရတာပါ အန်းအန်း

ချန်ယွိဟာယွိဟန်တံခါးပိတ်သွားတာကို
မြင်ပြီးနောက်လင်အန်းလန်အားပြုံးပြလိုက်ပြီး
"ဘယ်လိုလဲ၊ ကိုယ်ပြောတယ်မလား?
ကိုယ့်အစ်ကိုကကိုယ်တို့ကိုအားပေးထောက်ခံမှာ
ပါဆို။သူကက်ိုယ်မင်းကိုတကယ်ကြီးဖမ်းဆုပ်
နိုင်မယ်လိုမမျှော်လင့်ထားတော့
စစချင်းအံ့ဩသွားရုံပါပဲ"

လင်အန်းလန်ကခေါင်းငြိမ့်ပြလိုက်၏။
"ပြောကာမှ ငါမင်းရဲ့သူငယ်ချင်း
ဘယ်တစ်ယောက်နဲ့မှမဆုံဖူးသေးဘူးပဲ"

"အခွင့်အရေးရတဲ့အခါကျသူတို့နဲ့တွေ့ပေးဖို့
ကိုယ်မင်းကိုခေါ်သွားပေးပါ့မယ်" ချန်ယွိကသူ့ကို
နမ်းလိုက်ရင်း "သူတို့ကလုံးဝကိုအံ့အားသင့်ပြီး
ရှော့ရသွားကြမှာကိုယ်ကမင်းနဲ့တွဲနေပြီမှန်း
သိကြရင်"

"မင်းရဲ့သူငယ်ချင်းတွေကရော မင်းငါ့ကို
သဘောကျတဲ့အကြောင်းသိတယ်ပေါ့?"
လင်အန်းလန်ကအံ့ဩသွား၏။

"သူတို့ကဘာလို့မသိစရာအကြောင်းရှိမှာလဲ?
ကိုယ်ကမင်းကိုသဘောကျခဲ့တာအထက်တန်း
ကတည်းကဆိုတော့ဆယ်နှစ်လောက်တောင်
ရှိပြီလေ။သူတို့ကတုံးနေရင်တောင်မှ
အခုလောက်ဆိုသိထားကြလောက်ပြီပဲ"

လင်အန်းလန်လည်းချန်ယွိအတွက်ကိစ္စတွေက
မလွယ်ကူခဲ့မှန်းချက်ချင်းပြန်တွေးမိသွားလေသည်။
"မင်းကတကယ်ပဲငါ့ကိုအချိန်တွေအကြာကြီး
လိုက်ခဲ့ရတာပဲနော်"

"ဒါပေါ့"ချန်ယွိကသူ့ကိုဖက်လိုက်ရင်း
"လူတိုင်းကကိုယ်တို့နှစ်ယောက်ကိုမဖြစ်နိုင်ကြဘူးလို့
တွေးကြပြီးကိုယ့်ကိုလက်လျှော့ဖို့အကြံပေးကြပေမဲ့
ကိုယ်လက်မလျှော့ခဲ့ဘူး။အခုပဲကြည့်လေ၊
ကိုယ်အောင်မြင်ခဲ့ပြီ"

လင်အန်းလန်အားသူ့လက်မောင်းတွေအတွင်း
ဆွဲဖက်လိုက်ကာညင်သာပြီးအလွန်သိမ်မွေ့သော
အသံဖြင့်ဆက်ပြောလေ၏။
"အဲ့တာကြောင့်ပြောတာပေါ့၊ တစ်ခါတစ်လေတော့
မဆုတ်မနစ်သည်းခံကြိုးပမ်းတဲ့သူတွေကို
ကောင်းကင်ဘုံကထိုက်သင့်တဲ့ဆုပေးဆဲပါတဲ့"

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲOù les histoires vivent. Découvrez maintenant