4[U+Z]

1.7K 321 12
                                    

unicode

ကိုယ့်ရဲ့အန်းအန်းက လောကကြီးမှာ
အကောင်းဆုံးသောချစ်သူပဲ !

ချန်ယွိကကျန်းရွှိရဲ့ wechat accountကို
ထိုးပြပြီးသူ့ကိုပြောလိုက်သည်။

"သူကကိုယ့်ကိုသဘောမကျဘူးလို့
ကိုယ်ပြောခဲ့တယ်မလား? အဲ့တော့ ကိုယ်တို့
နှစ်ယောက်ဆက်ဆံရေးအတည်ပြုပြီးတဲ့နောက်
ကိုယ့်ကိုသူသဘောမကျဆဲဖြစ်နေပြီးကိုယ်တို့ကို
ခွဲဖို့ကြိုးစားမှာကိုကိုယ်ကစိုးရိမ်နေခဲ့တာ"

"မင်းကတော့အဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့
ကိုယ့်ကိုပြောခဲ့တယ်။အကယ်၍သူ့ဖက်က
ဆက်ပြီးကြိုးစားနေမယ်ဆိုရင်တော့
မင်းကသူ့ကိုလျစ်လျူရှုထားလိုက်မယ်တဲ့"

ချန်ယွိကသူ့မျက်ဝန်းတွေထဲစိုက်ကြည့်ပြီး
မျက်နှာပေါ်ကအမူအယာကိုမပြောင်းဘဲ
"မင်းပြောခဲ့တာ၊ ကိုယ်ကမင်းရဲ့ချစ်သူဖြစ်နေပြီ
ဆိုတော့မင်းရဲ့သူငယ်ချင်းကလဲကိုယ့်ကိုရော
ကိုယ်တို့ဆက်ဆံရေးကိုရောလေးစားသင့်တယ်တဲ့။
အကယ်၍သူကကိုယ့်အပေါ်မလေးစားရင်
မင်းလဲသူ့ကိုသူငယ်ချင်းအဖြစ်သတ်မှတ်စရာ
မလိုတော့ဘူးတဲ့လေ"

သူကလက်ထဲမှဖုန်းကို ယမ်းပြလိုက်ရင်း
"မင်းတကယ်လဲလုပ်ခဲ့တာပဲ"

သူလင်အန်းလန်အနားထပ်တိုးသွားလိုက်ပြီး
အဲ့တာကရှင်းရှင်းလင်းလင်းကိုအမှန်တရား
မဟုတ်သည့်တိုင်ချစ်မြတ်နိုးမှုအပြည့်ဖြင့်
သူပြောလိုက်သည်။

"ကိုယ်အမြဲတွေးခဲ့တာ မင်းနဲ့သူက သူငယ်ချင်းတွေ
ဖြစ်ခဲ့တာနှစ်ပေါင်းများစွာကြာပြီဆိုတော့
သူ့အပေါ်ကိုပိုဘက်လိုက်လိမ့်မယ်လို့ပေါ့။
ဒါပေမဲ့ကိုယ့်ကိုအံ့အားသင့်သွားစေအောင်
မင်းကကိုယ့်ဖက်ကိုပိုဘက်လိုက်တယ်တဲ့လေ"

လင်အန်းလန်ကသူ့မျက်ဝန်းတွေထဲက
ရိုးသားစစ်မှန်မှုတွေကိုကြည့်ရင်း
အကြောင်းနဲ့အကျိုးကိုနားထောင်ပြီးနောက်
သူ့မျက်နှာကိုလက်နှစ်ဖက်အုပ်ကိုင်ပြီး
ပြောလာသည်။

"မင်းဘာတွေများတွေးနေတာလဲ၊
မင်းကငါ့ရဲ့ချစ်သူလေ၊ငါသေချာပေါက်ကိုပဲ
မင်းဖက်ကိုပိုဘက်လိုက်မှာပေါ့။
အဲ့ဒါအပြင်နှစ်ပေါင်းများစွာကြာပြီးမှ
ငါကမင်းနဲ့တွဲလိုက်တာလေ၊ဒီတော့သူကမင်းကို
အရမ်းပစ်မှတ်ထားနေတာကတကယ်ပဲမမှန်ကန်ဘူး"

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now