unicode
ပထမဆုံးဒိတ်၏ချိုမြိန်မှု
ချန်ယွိ : !!!
"တခြားသူတွေဒိတ်ကြရင်လဲရုပ်ရှင်ကြည့်ကြ
မုန့်စားကြတာပဲမလား?ဒီတော့ငါတို့လဲ
အဲ့လိုလုပ်ကြမယ်လေ"ချန်ယွိမှာလင်အန်းလန်ကို မှင်တက်စွာကြည့်နေမိရင်း
အခုလိုအခိုက်အတန့်မှာဘယ်လိုစိတ်အခြေအနေမျိုး
ရှိနေသင့်သလဲဆိုတာပင်မသိတော့ချေ။"ကိုယ်တို့? ဒိတ်ကြမယ်?"
"မင်းကမဒိတ်ချင်ဘူးလား?"
"ကိုယ်ဒိတ်ချင်တာပေါ့!"
နောက်ကျမှနောင်တရနေရမှာစိုးတာကြောင့်
ချန်ယွိချက်ချင်းပင်သဘောတူလိုက်လေ၏။မျက်ဝန်းတွေထဲပျော်ရွှင်မှုတို့အပြည့်ဖြင့်
လင်အန်းလန်အားသူစိတ်လှုပ်ရှားစွာကြည့်ရင်း
နှလုံးသားဟာပျားရည်ထဲနစ်ခံထားရသကဲ့သို့
ခံစားနေရပြီးနှုတ်ခမ်းထောင့်စွန်းတွေလည်း
မတွန့်ကွေးပဲမနေနိုင်တော့ချေ။"အန်းအန်း မင်းကိုယ်နဲ့အတူအပြင်ထွက်
လည်ချင်တာပေါ့?""အင်းလေ မရဘူးလား?"
"သေချာပေါက်ရတာပေါ့"နှလုံးသားထဲ၌ချိုမြိန်မှုတို့
ပြည့်လျှံကျလျက်ချန်ယွိသူ့ကိုမျက်တောင်မခတ်
ကြည့်နေမိတော့၏။သူ့အကြည့်တွေကြောင့်အနည်းငယ်ရှက်လာတာနဲ့
လင်အန်းလန်လည်းကားထဲကထွက်ကြဖို့
ပြောလိုက်တော့သည်။"အိုး"ချန်ယွိကသူ့ရဲ့ထိုင်ခုံခါးပတ်ကိုအလျင်အမြန်
ဖြုတ်ကာကားထဲမှထွက်လိုက်တော့သည်။ထိုအခိုက်အတန့်ထိတိုင် ဒိတ်ကြတော့မယ်ဆိုတဲ့
စပရိုက်ကနေသူရုန်းမထွက်နိုင်သေးဘဲ
ချိုမြိန်မှုတို့ဖြင့်နှလုံးသားကိုထွေးပတ်ထားရင်း
လင်အန်းလန်အားလှမ်းပြောလိုက်၏။"ကိုယ်တို့ဘယ်ရုပ်ရှင်ဇာတ်ကားကိုကြည့်ကြမှာလဲ?
မင်းရွေးပြီးသားလား?""အင်း"
ချန်ယွိခေါင်းကိုငုံ့ကာသာတိတ်တဆိတ်ပြုံးလိုက်ပြီး
လင်အန်းလန်၏လက်အားသူ့လက်အတွင်းသို့
တင်းကြပ်စွာဆွဲယူဆုပ်ကိုင်ထားလိုက်တော့၏။
YOU ARE READING
RomanceGot the permission from E translator. Quan shijie wo zui ai ni [Ent. circle] I Love You The Most In The World 全世界我最爱你 [娱乐圈] Original author - 林盎司 163 Chapters + 94 (3 Parts) Extras Myanmar translation I don't own the story.All credits go to original...