7[U+Z]

1.3K 266 10
                                    

unicode

သူကလင်အန်းလန်အတွက်တော့
အမြဲပင်အရှုံးပေးနေမှာဖြစ်သည်

"ငါကမင်းအပေါ်မှာမှီခိုနေလွန်းအားကြီးတယ်"
လင်အန်းလန်ကရိုးသားစွာပင်ပြောလိုက်သည်။
"ဒီလိုသာဆက်သွားရင်၊ ငါဘယ်တော့မှ
မှတ်ဉာဏ်တွေပြန်ရမယ်မထင်ဘူး။
ငါနဲ့ရင်းနှီးတဲ့နေရာကိုပြန်သွားပြီး
ငါနဲ့ရင်းနှီးတဲ့အရာတွေနဲ့ထိတွေ့
နေသင့်တယ်လို့ထင်တယ်။

ဒါကပဲငါ့ ရဲ့မှတ်ဉာဏ်တွေပြန်ရဖို့အတွက်
ပိုကောင်းမွန်လိမ့်မယ်"

ချန်ယွိအနေနဲ့ကတော့သူ့နှလုံးသားထဲက
အကြောက်တရားဟာပိုလို့တောင်
အားကောင်းလာသလိုခံစားလိုက်ရသည်။

"ဒါပေမဲ့ ကိုယ်တို့ကအတူတူနေကြဖို့
သဘောတူထားကြတာမဟုတ်လား?"

"ဒီလိုမတော်တဆဖြစ်မှာကို
မမျှော်လင့်ထားမိဘူးလေ"
လင်အန်းလန်ကသူ့ကိုပြောပြဖို့ကြိုးစားလိုက်သည်။

"အဲ့ဒီအချိန်တုန်းက ငါကလဲမှတ်ဉာဏ်တွေ
ပျောက်သွားလိမ့်မယ်လို့မသိထားခဲ့လောက်တော့"

"မင်းကငါ့ရဲ့မှတ်ဉာဏ်တွေပြန်မရ
လာစေချင်ဘူးလား?"လင်အန်းလန်က
မေးလိုက်သည်။

ချန်ယွိတကယ်ကိုပဲပြန်မရစေချင်ပါ။

ဘယ်လိုလုပ်ပြီးသူကမှတ်ဉာဏ်တွေ
ပြန်ရစေချင်မှာတဲ့လဲ?
လင်အန်းလန်ကသူ့ဆီလာခဲ့တာခဏလေးပဲ
ရှိသေးတဲ့ဟာ၊ သူအိမ်မက်တောင်မမက်ရဲတဲ့
ဘဝလေးမှာအတူနေရရုံလေးရှိသေးတာ
ဘယ်လိုလုပ်ပြီးသူက သူ့မှတ်ဉာဏ်တွေကို
ပြန်ရစေချင်မှာလဲလေ...။

စားပွဲကိုပတ်လိုက်ကာ လင်အန်းလန်ဆီသို့
သွားလိုက်ပြီးပုခုံးတွေကိုဆုပ်ကိုင်လိုက်ရင်း
သူညင်သာစွာမေးလိုက်သည်။

"ဘေဘီ ဒါကစောနတုန်းကဖြစ်သွားတဲ့ဟာနဲ့များ
ဆိုင်နေတာလား?မင်းစိတ်ထဲမကျေနပ်နေမိလို့
ဒေါသထွက်နေတာလားဟင်?"

လင်အန်းလန်ခေါင်းရမ်းပြလိုက်သည်။
သူဒေါသထွက်မနေပါ။သူကအနည်းငယ်
လမ်းပျောက်နေသလိုခံစားရပေမဲ့
ဘာကြောင့်လည်းဆိုတာလည်း
နားမလည်နိုင်နေခြင်းပင်။

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now