22.1[U+Z]

3.6K 290 17
                                    

unicode

《ကိုယ်မင်းကို ဖက်ထားချင်တယ်》

လင်အန်းလန်ကသူ့ကိုယ်သူစစ်ဆေးလိုက်ပြီးနောက်
နှုတ်ခမ်းတွေကအနည်းငယ်ရဲနေတာကလွဲရင်
ဘာမှပုံမှန်မဟုတ်တာကိုမတွေ့တာကြောင့်
တံခါးကိုဖွင့်ပေးလိုက်၏။

ကင်မရာမန်းကဝင်လာတဲ့အချိန် ချန်ယွိက
ကျောပေးထားသည်ကိုတွေ့လိုက်ရတော့
အံ့အားသင့်မှုနှင့်မေးလိုက်လေသည်။

"ချန်ကော ၊ အဝတ်တွေမလဲရသေးဘူးလား?"

"လဲပြီးပြီ ၊ ဒါပေမဲ့အဟောင်းကိုထပ်ပြီး
ပြန်လဲလိုက်တာ"

ကင်မရာမန်းကလည်းသံသယဝင်မနေဘဲ
"ဒီမှာကမနက်ခင်းနဲ့ညနေခင်းတွေဆိုအေးတယ်နော်
ဒါကြောင့် ချန်ကောနဲ့လင်ကောတို့ အပေါ်ထပ်တွေ
ယူလာဖို့မမေ့ကြနဲ့အုံး"

ချန်ယွိကခေါင်းငြိမ့်ပြ၍သူ၏ လေကာအင်္ကျီကို
ယူလိုက်ကာ လင်အန်းလန်ကတော့
ဂျင်းဂျက်ကတ်ကိုသာယူလာလိုက်၏။

သူတို့တံခါးပိတ်နေစဉ်မှာပဲ ချန်ယွိကတံခါးပေါ်
ကပ်ထားသော 'ပျော်ရွှင်ခြင်း' စာလုံးအား
ကြည့်ကာ ထိကိုင်လိုက်လေသည်။

ကင်မရာမန်းကရယ်ရင်းမေးလေ၏။

"ချန်ကောက ဒီလိုစက္ကူအလှဆင်တာမျိုးတွေ
သဘောကျတာလား?"

"အင်း" ချန်ယွိကလည်းပြုံးလိုက်ကာ

"အရမ်းလှတယ်လေ"

သူ့အနေနဲ့ အိမ်မှာတစ်ခု ၊ သူနဲ့လင်အန်းလန်၏
အိပ်ယာမှာတစ်ခု ကပ်ထားချင်ပေမဲ့လည်း
ဆုတောင်းသာသာမျှသာဖြစ်လေသည်။

သူ့လက်ကိုဖယ်လိုက်ရင်း နှလုံးသားထဲမှာတော့
'မင်္ဂလာအိပ်ခန်းကိုထပ်မဝင်ခင်ညရောက်အောင်
စောင့်လိုက်တာပဲကောင်းပါတယ်'ဟုတွေးလိုက်၏။

သို့သော်လည်းဝမ်းနည်းစရာကောင်းသည်က
သူတို့ဟာ ရိုက်ကူးရေးလုပ်နေကြတာဖြစ်ပြီး
အခြားသူ၏အိမ်၌ရောက်နေခြင်းဖြစ်လေသည်။
ထို့ကြောင့်မင်္ဂလာအိပ်ခန်း ဖြစ်နေရင်တောင်
သူတို့လုပ်နိုင်တာ ဘာမှမရှိချေ။သူတို့အနေဖြင့်
စောင်အောက်မှာသာ တီးတိုးစကား
ဆိုနိုင်လောက်၏။

You've reached the end of published parts.

⏰ Last updated: Oct 25, 2021 ⏰

Add this story to your Library to get notified about new parts!

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now