13[U+Z]

1.1K 241 6
                                    

unicode

သူဘယ်အရာကိုမှဂရုစိုက်ပါချေ၊
လင်အန်းလန်ကလွဲလို့ပေါ့

နောက်တစ်ရက်မနက်မှာတော့ လင်အန်းလန်က
သူ့အေးဂျင့်အား "ယွင်းယွင်" ထုတ်လုပ်ရိုက်ကူးရေး
အဖွဲ့ထံခပ်စောစောပင်ဆက်သွယ်စေခဲ့ပြီး
ချန်ယွိနဲ့auditionကိုအတူသွားဖို့
ပြင်ဆင်ထားလိုက်၏။

ကျိုးစစ်ယာကသူ့ကိုမေးသည်။
"မင်းငါ့ကိုမလိုက်စေချင်ဘူးလား?"

"မဟုတ်ဘူး ငါကauditionအတွက်တင်သွားပြီး
ပြီးတာနဲ့ချက်ချင်းပြန်ခဲ့မှာပဲလေ"

"မင်းမနေ့ကပဲငြင်းနေတာမဟုတ်ဘူးလား?
ဒီနေ့မှဘာလို့သွားချင်သွားရတာလဲ?
မင်းရုတ်တရက်များသဘောပေါက်သွားလို့လား?"

သူသဘောပေါက်သွားတာကြောင့်မဟုတ်ဘဲ
သူကဒီအတိုင်းကျန်းရွှိပြောခဲ့တဲ့စကားတွေကို
မကြိုက်တာရယ်ချန်ယွိကအဲ့ဒီလိုမျိုး
လှောင်ပြောင်ခံနေရတာကိုသည်းမခံ
နိုင်တော့ခြင်းကြောင့်ပင်။

[TN : သဘောပေါက်တယ်ဆိုတာက
ရှဲ့ဟွေ့နဲ့ကိစ္စကိုပါ]

ချန်ယွိကသိသာထင်ရှားစွာကိုပဲအရမ်းကောင်းမွန်တဲ့
သူတစ်ယောက်ဖြစ်ပြီးသူ့ကိုလည်းအလွန်ပင်
ချစ်မြတ်နိုးတာကြောင့် သူ့အတွက်ကြောင့်နဲ့တော့
အလှောင်ခံရတာမျိုးကိုသူလက်မခံနိုင်။

"အင်း"သူဝတ်ကျေတမ်းကျေသာဖြေလိုက်ရင်း
"ငါဖုန်းချလိုက်တော့မယ်"

"အိုခေ မင်းရဲ့audition ကံကောင်းပါစေ"

"ငါလဲအဲ့လိုပဲမျှော်လင့်ပါတယ်"

လင်အန်းလန်နဲ့အတူauditionကိုမသွားခင်ချန်ယွိက
စွင်းမုန်ဆီမက်ဆေ့လှမ်းပို့ပြီး သူကလင်အန်းလန်ကို
ထောက်ခံတဲ့အကြောင်းဒါရိုက်တာကျန်းအား
ပြောခိုင်းထားလိုက်၏။

စွင်းမုန် သူ့ဖုန်းထက်ကမက်ဆေ့ကိုသာအကူညီမဲ့စွာ
ကြည့်လျက်သူ့ရဲ့ဘိုးအေလေးရဲ့အမှာစကားကို
သယ်ယူပို့ဆောင်ပေးဖို့ပဲတတ်နိုင်တော့သည်။

ချန်ယွိအနေနဲ့လည်းအနည်းငယ်စိတ်လှုပ်ရှား
နေသည်ပင်။အစပိုင်းလင်အန်းလန်က
သရုပ်မဆောင်ချင်ဘူးဆိုတုန်းကတော့
သူစိတ်ပျက်မိသည့်တိုင်သူ့အနေနဲ့ဒီလိုအဖြစ်
အပျက်မျိုးကအကျင့်ပင်ဖြစ်နေပြီးသားဖြစ်၏။
သို့သော်အခုသူကသူနဲ့တူညီတဲ့ဇာတ်ကားအတွက်
auditionကိုတကယ်သွားနေပြီဖြစ်သည်။
ဤကဲ့သို့ အရင်ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးတဲ့
မမျှော်လင့်ထားမိသောအသစ်အဆန်းကြောင့်
သူ့နှလုံးသားဟာလည်းအနည်းငယ်ဂနာမငြိမ်
ရတတ် မအေးဖြစ်နေ၏။

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now