8[U+Z]

1.2K 251 5
                                    

unicode

ကိုယ်အခြားကောင်လေးတွေကို
သဘောကျမယ်ဆိုရင် မင်းစိတ်ရှိမှာလား?


ဆေးလိပ်မီးကသူ့လက်နားထိလောင်ကျွမ်းလာတဲ့
အချိန်မှာတော့ချန်ယွိကိုအတိတ်အားတဖန်
ပြန်တွေးမိနေရာမှသတိဝင်လာစေခဲ့သည်။
သူ့လက်ထဲမှဆေးလိပ်ကိုကြည့်လိုက်ရင်း
ထိပ်ဖူးအားဖိကာသတ်လိုက်ပြီး အခန်းထဲသို့
ပြန်ဝင်လာခဲ့လိုက်သည်။

တံခါးဖွင့်ဝင်လာပြီးနောက် သူ့ရဲ့ညအိပ်ဝတ်အင်္ကျီမှာ
ဆေးလိပ်နံ့စွဲနေမှာစိုးတာနဲ့ အိပ်ယာထဲပြန်မဝင်ခင်
အဝတ်တွေကိုချွတ်ချထားခဲ့လိုက်၏။

သူပြန်ရောက်လာတာကိုသတိထားမိတာနဲ့
လင်အန်းလန်ကသူ့ရင်ခွင်ထဲတိုးဝင်လာပြီး
ဝေဝေဝါးဝါးနှင့်မေးသည်။

"ဘာဖြစ်လို့လဲ?"

"အိမ်မှာကိစ္စတစ်ခုရှိလာလို့ပါ
အရေးမကြီးပါဘူး"ချန်ယွိကပြန်ဖြေသည်။

သူ့အဖြေကြားတော့လင်အန်းလန်လည်း
ဘာမှထပ်မမေးတော့ဘဲငြိမ်းငြိမ်းချမ်းချမ်းပင်
ပြန်အိပ်လိုက်တော့၏။

ချန်ယွိကစောင်အောက်မှာ သူ့ရဲ့လက်တွေ
နွေးလာတဲ့အထိစောင့်လိုက်ပြီးမှလင်အန်းလန်ကို
ထပ်မံ၍တင်းတင်းကြပ်ကြပ်
ပွေ့ဖက်လိုက်လေသည်။

အနာဂတ်မှာဘာပဲဖြစ်လာဖြစ်လာ အနည်းဆုံး
အခုအချိန်မှာတော့လင်အန်းလန်က
သူ့အပိုင်သာဖြစ်သည်။

နောက်တစ်နေ့မနက်ခင်းမှာတော့ ချန်ယွိက
လင်အန်းလန်ထက်ပိုစောစီးစွာနိုးနေခဲ့၏။
သူနဲ့အတူခဏတဖြုတ်လှဲနေလိုက်ရင်း
လင်အန်းလန်နိုးလာတဲ့အခါမှာတော့
ဇာတ်ညွှန်းအကြောင်းသူပြောပြလိုက်သည်။

"ကိုယ့်အထင် တကယ်မဆိုးဘူး၊
ပြီးတော့ဒါကဒါရိုက်ကျန်းရဲ့ရုပ်ရှင်လဲဖြစ်တယ်လေ
ဒီတော့ကိုယ် မင်းနဲ့အတူသရုပ်ဆောင်ချင်လို့"

သို့သော်လင်အန်းလန်ကတော့ သိပ်ဆန္ဒမရှိ။

"ဟင့်အင်း"သူငြင်းလိုက်ပါသည်။
"ငါဒါကိုသရုပ်မဆောင်ချင်ဘူး"

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲOù les histoires vivent. Découvrez maintenant