17[U+Z]

1.3K 234 10
                                    

unicode

ကျနော့်ဒီတစ်ဘဝမှာသူတစ်ယောက်ကိုပဲ
ကျနော်လက်ထပ်မှာ

"ငါလုပ်ငန်းနဲ့ပတ်သက်ပြီးပြည်ပကို
ရက်ပိုင်းလောက်ခရီးထွက်စရာရှိလို့
မသွားခင်မင်းကိုလာဝင်တွေ့တာ"

သူကထိုသို့ပြောနေသော်လည်းအကြည့်တွေကတော့
ချန်ယွိနောက်ကလင်အန်းလန်အပေါ်သာ
စူးစိုက်ကျရောက်နေ၏။

လင်အန်းလန်လည်းပဟေဠိဖြစ်ကာ
မျက်မှုန်ကျုံ့မိလိုက်တော့သည်။

ချန်ယွိကရှေ့တိုးကာအပြုံးလေးဖြင့်
တံခါးဖွင့်ပေးလိုက်ပြီး

"အန်းအန်နဲ့ကျနော်အပြင်ထွက်ဒိတ်ကြတာလေ
အဲ့တာကြောင့်ပြန်လာတာနည်းနည်း
နောက်ကျသွားတာကော ဘယ်တုန်းကတည်းက
ရောက်နေတာလဲ?အကြာကြီးစောင့်လိုက်ရလား?"

ယွိဟန်ကအကြည့်တွေကိုလင်အန်းလန်ဆီမှ
ပြန်ရုပ်သိမ်းလိုက်ကာချန်ယွိဆီသို့ပြောင်းလိုက်၏။
"မစောင့်လိုက်ရပါဘူး ငါအခုတင်မှရောက်လာတာ"

ချန်ယွိအားအတန်ကြာအောင်ကြည့်ပြီးနောက်
သူ့မျက်နှာထက်အပြုံးလေးတင်လိုက်ကာ
"ငါကတော့မင်းဒီတစ်လလုံးဘာလို့အဲ့လောက်
တိတ်နေရတာလဲသိချင်နေတာ၊ မင်းကဒိတ်တွေ
ဘာတွေလုပ်အချစ်နဲ့ဘာနဲ့အလုပ်များ
နေတာပေါ့လေ"

ချန်ယွိကရယ်လျက် "ကျနော်တို့တွေ ဆုံလိုက်တိုင်း
အခြားသူတွေထက်သာတယ်ဆိုတာအမှန်ပဲမလား"

ထိုစကားထဲဝှက်ထားတဲ့အဓိပ္ပါယ်ကို
သိလိုက်တာကြောင့်ယွိဟန်ကသူ့ကိုခက်ခဲအောင်
မလုပ်တော့ဘဲခေါင်းသာငြိမ့်ပြလိုက်ပြီး
ညင်သာတဲ့အသံအနေအထားဖြင့်ပြောလိုက်သည်။

"မင်းရဲ့စရိုက်နဲ့လိုက်တာပဲလေ"

သူ့ကိုဖော်ထုတ်ပစ်ဖို့ရည်ရွယ်ချက်မရှိတာကိုသိရမှ
ချန်ယွိလည်းစိတ်အေးသွားရပြီးလင်အန်းလန်အား
လှည့်ဖက်လိုက်ပြီးနောက်အိမ်ထဲသို့
ဝင်လိုက်တော့၏။

"ငါမင်းကိုပြောစရာရှိလို့ စာကြည့်ခန်းထဲမှာပဲ
စောင့်နေလိုက်မယ်"ယွိဟန်ကပြောပြီးနောက်
စာကြည့်ခန်းထဲသို့တန်းဝင်သွားတော့သည်။

လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲ : လောကကြီးထဲ ကိုယ်မင်းကိုအချစ်ဆုံးပဲWhere stories live. Discover now