Chapter 21

4.7K 594 21
                                    

Zawgyi

အခန်း (၂၁)
နောက်ဆုံးတော့ဖြစ်လာခဲ့ပြီ

နှင်းကျနေခြင်းများ ရပ်တန့်သွားပြီး၊ တိမ်များသည်လည်း မြင့်တက်လာကာ ရေခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ကြည်လင်အေးမြသော လရောင်သည် မြစ်ကြီးတစ်စင်းပေါ်တွင် ရှိနေသော လှေငယ်တစ်စင်းကို ထွေးပွေ့ထား၏။

လှေဦးထိပ်တွင် အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသော အရပ်ရှည်သည့် လူတစ်ယောက်က မတ်တပ်ရပ်နေပြီး အရည်အသွေးမြင့်သော ဝါးပုလွေမှုတ်ရင်းမှ ပျော့ပျောင်းညင်သာသော တေးသွားကို တဖြည်းဖြည်း တိုးဝင်ရပ်တန့်လိုက်သည်။

စုန့်ယွီမင်က လက်ကိုနောက်ပစ်လျက် ကောင်းကင်ဘုံမှသားတော်ဟု ခေါ်သော ကောင်းကင်ဖြူကိုယ်ခံပညာဆိုသူကို ခေါ်လိုက်သည်။ သူသက်ပြင်းချကာ "မင်း ရောက်လာပြန်ပြီ။ တစ်နှစ်ပြီးတစ်နှစ်သာ ကြာသွားတယ်၊ မင်းမပင်ပန်းသေးဘူးလား။"
(ရမ်းသမ်းပြန်သည်။ White-clad martial celestial တဲ့)

အဖြူရောင်ဝတ်ရုံဝတ်ထားသော သိုင်းသမား ချန်ရှီးချွေ့သည် ပုလွေကို ချလိုက်ပြီး လက်ကိုနောက်ပစ်ကာရပ်နေသော တံငါသည်ကို ကြည့်လိုက်သည် ။ "လူတော်တော်များများက ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်" သူက ညင်သာစွာပြောသည်။

စုန့်ယွီမင်က ပြုံးပြီး ခေါင်းယမ်း၏။ "လူပေါင်းတစ်သိန်းက ငါ့ကိုပြန်စေချင်ခဲ့ရင်တောင် နဂါးပလ္လင်ပေါ်က လူတစ်ယောက်ကဆန္ဒမရှိသမျှ ငါသွားမှာ မဟုတ်ဘူး"

ချန်ရှီးချွေ့ မျက်မှောင်ကြုတ်လိုက်သည်။  *လေတိုက်ခတ်မှုက မြို့တော်မှာ အပြောင်းအလဲတွေ အများကြီးဖြစ်စေခဲ့တယ်။ အိမ်ရှေ့မင်းသားက ထီးနန်းကိုလိုချင်နေပြီး အခုတရားစီရင်ရေးရုံးမှာ သူဖွဲ့စည်းထားတဲ့ အဖွဲ့တွေရှိနေတယ်။ ဘုရင်မင်းမြတ်က ကျန်းမာရေးမကောင်းတော့ ကြင်ယာတော်မှာလည်း အမွေဆက်ခံသူ မရှိဘူး။ သူမက အိမ်ရှေ့စံမင်းသားရဲ့ အငြင်းပွားမှုတွေနဲ့ ရှုပ်ထွေးနေတုန်းပဲ။ တတိယမင်းသားကတော့ အထောက်အပံ့တှေလိုကျရှာနေတယ်။ အဲ့ဒီတော့ ... "

စုန့်ယွီမင်က လက်ကိုဝှေ့ယမ်းလိုက်ကာ သူ့စကားစကို ဖြတ်ပစ်လိုက်သည်။ "အဲ့လောက်ကပ်ဆိုးဝင်နေတဲ့လေထုနဲ့ ဒီက အေးချမ်းတဲ့ ရှုခင်းတွေနဲ့ မကိုက်ညီဘူးလေ။ ဒီရွှံ့ရေတွေထဲကို ငါဝင်ဖို့ စိတ်မ၀င်စားဘူး ... ဗိုလ်ချုပ်ချန်၊ မင်းပြန်သင့်ပြီ"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now