Zawgyi
အခန်း (၆၁.၂)
အိမ်တံခါးမကြီးက ကျွီခနဲ ပွင့်သွားကာ ထိုအချိန်တွင်ပင် ရွှယ့်တုန်ထင်းက သူမနောက်မှ ထိုလူကို တံတောင်ဖြင့် အားကုန်သုံး၍ လွှဲရိုက်လိုက်သည်။ သူက စုန့်ယွီမင်ကို လေးဖြင့်ပစ်ရန် အာရုံစိုက်၍ ချိန်ထားခြင်းဖြစ်ရာ ရွှယ့်တုန်ထင်းကို အာရုံသိပ်မထားခဲ့ပေ။ ဤမမျှော်လင့်ထားသောအကွက်က လေးကို ဘေးသို့ရွေ့သွားစေကာ လေးပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ချိန်လည်း ဖြစ်သောကြောင့် မြားက ချော်ထွက်သွားပြီး တံခါးမကြီး၏တိုင်ကို စိုက်သွားကာ တံခါးတိုင်က တုန်ခါသွား၏။
*လျှို့ဝှက်တိုးတက်မှုဖြစ်ပေ၏!
လူစိမ်းက ပစ်မှတ်လွဲချော်သွားသောအခါ အမျက်ချောင်းချောင်းထွက်ပြီးလျှင် ရွှယ့်တုန်ထင်း၏ပါးကို ရိုက်လိုက်သည်။ သူမ၏ပါးထောင့်စွန်းနားတွင် သွေးတို့စိမ့်ထွက်လာကာ သူ့ရိုက်ချက်ကြောင့် သူမပါးပေါ်တွင် အစင်းကြောင်းတစ်ခု ပေါ်လာသည်။ သို့သော် သူမက နာကျင်မှုကို လျစ်လျှူရှုထားကာ ရုန်းကန်ရင်း ခေါ်လိုက်သည်။ "စုန့်ယွီမင်.. သတိထား.." ထို့နောက် သူမအသံက တိတ်ဆိတ်သွားတော့သည်။
မည်သူကမျှ တံခါးမကြီးမှ ထွက်မလာပေ။ သို့သော် ကွဲကြေသံကြားလိုက်ရပြီးနောက် အမည်းရောင်ပုံရိပ်တစ်ခုက ပြတင်းပေါက်ကို ဖြတ်ပြေးလာသည်။ စုန့်ယွီမင်က ဓါးကို ကိုင်ထားခြင်းဖြစ်၏။ သူက ခြံဝင်းတံခါးဆီသို့ တန်းတန်းပြေးမသွားခဲ့ပေ။ ထို့အစား သူက သူ၏ပေါ့ပါးတိတ်ဆိတ်သော ကိုယ်ဖော့ပညာကို သုံး၍ ခြံဝင်းနံရံပေါ်ခုန်တက်လိုက်ကာ နံရံတစ်ဖက်ခြမ်းမှ အပင်အိုကြီး၏ သစ်ကိုင်းတစ်ကိုင်းပေါ် တက်လိုက်သည်။ ခြံဝင်းပေါက်ဝတွင်တော့ ဝတ်စုံမည်းနှင့်လူ၏ ဓားမြှောင်က ရွှယ့်တုန်ထင်း၏ လည်မျိုပေါ်တွင် ထောက်ထားဆဲဖြစ်နေသေးသည်။ သို့သော် သူမကတော့ သတိလစ်နေလေပြီ။
ဝတ်စုံမည်းနှင့်လူက လှောင်ပြုံးပြုံးလိုက်သည်။ "ထပ်တိုးလာရင် ကျုပ် ဒီမိန်းကလေးကို သတ်ပစ်မှာနော်။"
လူသတ်လိုသောအကြည့်တို့က စုန့်ယွီမင်၏မျက်လုံးထဲ ဖြစ်တည်လာသည်။ "မင်း ဘယ်သူလဲ။" သူက မျက်နှာထားတင်းတင်းနှင့် မေးလိုက်သည်။
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomanceThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။