Zawgyi
အခန်း (၆၆.၁)
ယောက္ခမအိမ်သို့အလည်တစ်ခေါက်တဲအိမ်ငယ်လေးတွင်းတွင် ဝေလငါးဆီမီးခွက် သုံးခွက်က မှိန်ဖျဖျတောက်ပလျက်ရှိကာ အခန်းငယ်လေးမှာ ပို၍ လင်းနေပုံပေါ်သည်။
သူတို့နှစ်ယောက်သည် ဖက်ထုပ်များ စားလိုက်ကြပြီး စုန့်ယွီမင်က ရွှယ့်တုန်ထင်းကို မက်မွန်ဝိုင်များစွာ တိုက်လေ၏။ ယခုမူ သူမသည် စောင်ပုံကြားတွင် ကွေးနေရပြီဖြစ်ကာ စုန့်ယွီမင်၏ အင်္ကျီသစ်ကို ကလိနေသည်။
စုန့်ယွီမင်သည်တော့ သူမဘေးတွင်လှဲနေကာ လက်ပေါ်ခေါင်းစောင်းတင်၍ သူ့ဇနီးလေးကို ကြည့်နေသည်။ သူ့ပါးစပ်ဖျားတွင်တော့ ကောက်ရိုးတစ်မျှင် ရှိနေသည်။
သူမက သူ့ကို အသာကန်လိုက်သည်။ "မီးညှပ်သွားယူပြီး မီးသွေးနည်းနည်းလောက် ဖယ်ပေးပါလား။ ဒီမှာတော်တော်ပူနေပြီ။"
ထိုအခါ စုန့်ယွီမင်က အိပ်ယာပေါ်မှထကာ မီးသွေးနှင့် ပြာများကို ဘေးဖယ်လိုက်ပြီး အပူထိန်းရန်အတွက် ရဲရဲတောက်ပူနေသော မီးသွေးများအပေါ် ဖုံးလိုက်သည်။
"ချစ် အိပ်ချင်တယ်ဆိုရင်လည်း အိပ်တော့လေ။ ကိုက နှစ်သစ်ကူးအော်ဖို့အတွက် ဆက်နေလိုက်မယ်။"
သူမက ခေါင်းခါလိုက်သည်။ "မအိပ်ချင်သေးပါဘူး။"
သူက ဘာမှမပြောတော့ချေ။ သူတို့ကြားတွင် စကားအများကြီးပြောဖို့လည်း မလိုအပ်ချေ။
နှစ်သစ်ကူး၏ သုံးရက်မြောက်နေ့တွင် သူတို့သည် လက်ဆောင်ထုပ်များကို ယူကာ မြစ်ကိုဖြတ်၍ တိမ်ထွတ်စီရင်စုကို သွားလိုက်ကြသည်။
သူမတို့ကို ဂိတ်တံခါးလာဖွင့်ပေးသူမှာ ယွမ်ရှန်းဖြစ်ကာ ယွမ်ရှန်းက စုန့်ယွီမင်ကို မြင်ရာတွင် ရန်လိုစွာ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူမက တုန်ထင်းကို သူမဘေးသို့ဆွဲလိုက်ပြီး မေးသည်။ "မမ၊ ဒီလူကြီးက မမကို အနိုင်ကျင့်သေးလား။"
ရွှယ့်တုန်ထင်းက စုန့်ယွီမင်ကို ကြည့်ကာ ပြုံးလိုက်သော်လည်း ဘာမှမပြောလိုက်ချေ။ ဤသည်ကိုမြင်တော့ ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။ "မမ၊ အဲ့လူကို ကြောက်မနေနဲ့။ သမီးနဲ့ မားမားချောင်တို့က မမနောက်မှာ အမြဲရှိတယ်။"
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomanceThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။