Zawgyi
အခန်း (၁၀)
မုဆိုးမရွှယ့်တုန်ထင်း အေးခဲသွားသည်။ စုန့်ယွီမင်မှာ တခြားကောင်မလေး တစ်ယောက်ရှိနေတာလား။
ပြတင်းပေါက်မှတစ်ဆင့် သူမ မြင်ရသည်ကတော့ ထိုအမျိုးသမီးက စုန့်ယွီမင်၏လက်ထဲကို ထုပ်ပိုးထားသော အထုပ်တစ်ထုပ် ပေးလိုက်သည်ကိုဖြစ်၏။ တချို့သော အကြောင်းပြချက်များကြောင့် သည်ကိစ္စက ရွှယ့်တုန်ထင်းကို စိတ်ဆိုးစေသည်။ 🌝🌝 စိတ်အပြောင်းအလဲလွယ်သော ယောင်္ကျားများစွာကို သူမ မြင်ဖူး၏။
သူမအရင်ဘဝက တတိယမင်းသားနှင့် ပတ်သက်၍ သူမ အလွန် ရူးသွပ်ခဲ့သည်။ သို့သော်လည်း သူမ ယခုကဲ့သို့ စိတ်တိုခြင်းမျိုး မဖြစ်ဖူးခဲ့ချေ။ သူမ တတိယမင်းသား၏ ဂုဏ်အဆင့်အတန်းကိုသာ ဂရုစိုက်ခဲ့ပြီး တတိယမင်းသားကို ဂရုမစိုက်ခဲ့ချေ။ ယခုတွက်မူကား စုန့်ယွီမင်ကို အခြားသူစိမ်း အမျိုးသမီးတစ်ယောက်နှင့် အတူတွဲမမြင်လိုပါချေ။
သူမ ရုတ်တရက် အံ့အားသင့်သွားသည်။ သူမဘာတွေများဖြစ်သွားတာလဲ။ သူမ သူ့ကို ကြိုက်သွားတာ? ငွေထုပ်လေးတစ်ထုပ်ပေးရုံနဲ့လေ?
သူမ အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်နေဆဲတွင် စုန့်ယွီမင်မှာ အထုပ်ကိုကိုင်၍ အိမ်ထဲကိုပင် ဝင်လာပြီးဖြစ်သည်။ အပြင်ဘက်သို့ သူမ ဖျတ်ကနဲကြည့်လိုက်ရာ တံခါးပေါက်မှာ ပိတ်ထားပြီးလေပြီ။ ထိုအမျိုးသမီးလည်း သွားပြီဖြစ်၏။
သူ့လက်ထဲမှ အထုပ်မှာ အဝတ်တစ်ခုဖြင့် ပတ်ထားခြင်းဖြစ်ရာ ထိုပစ္စည်းမှာ ဘာမှန်း သူမ မသိပေ။
စုန့်ယွီမင်က အနည်းငယ် ရှက်သွားပုံရ၏။ သူက အထုပ်လေးကို လက်ထဲတွက်ကိုင်ကာ ပြောလိုက်သည်။ "ဖိနပ်တွေလေ။ လုံရှီးအနောက်ဘက်စွန်းစွန်းက မုဆိုးမဆီက" သူက အထုပ်ကို ဖွင့်ပင်မကြည့်ဘဲ စင်ပေါ်သို့ သွားတင်လိုက်သည်။
လုံရှီးအနောက်ဘက်စွန်းစွန်းက မုဆိုးမ? အဲ့တော့ ခုနက အမျိုးသမီးက မုဆိုးမပေါ့! ယခုတော့ ရွှယ့်တုန်ထင်းမှာ သူတို့နှစ်ယောက်ကြား ဘာကိစ္စရှိသည်ကို သိသွားပြီဖြစ်သည်။ နောက်ဆုံးတော့ သူက အသက်သုံးဆယ်တွင် အိမ်ထောင်ကျပြီးဖြစ်ရာ သည်အရာက ပုံမှန်တော့မဟုတ်ပေ။
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomanceThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။