Zawgyi
အခန်း (၆၉)
ယွမ်ရှန်း၏ကြမ္မာလမ်းမီးဖိုချောင်ထဲတွင်တော့ ရွှယ့်တုန်ထင်းက ခုန်စွခုန်စွဖြစ်နေသော ယွမ်ရှန်းကို ကြည့်လိုက်သည်။ သူက ခေါင်းရမ်းလိုက်၏။ "ညီမလေးလည်း မငယ်တော့ဘူးလေ။ နည်းနည်းလောက် ဂဏာငြိမ်ငြိမ်လေးနေပေးပါလား"
(demoncm's note : ငါလေးက အဲ့အချိန်(၁၄ နှစ်)က ပတ်ပြေးဆော့နေတုန်းလေ 🙂 )
ယွမ်ရှန်းက သိပ်လက်မခံချင်ပေ။ "ဒုတိယမမရယ်... မမ နားမလည်ပါဘူး.. ဒါက စိတ်ရင်းအတိုင်း နေတာလို့ ခေါ်တယ်။ မမပြောပုံက ကဗျာဆန်တဲ့ အပျိုမလေးတွေက ကနွဲ့ကလျ နေရမယ့်ပုံပေါက်နေပြီ.."
ရွှယ့်တုန်ထင်းက တစ်ခုခုကိုတွေးမိကာ မေးလိုက်သည်။ "အဲ့ဒါဆို မမကို ပြောပြကြည့်.. ဘယ်လိုလူကများ ညီမလေးကို ယဉ်ကျေးအောင် ထိန်းချုပ်နိုင်မှာလဲ"
"သူများထိန်းချုပ်တာ မခံချင်ပါဘူးနော်။ ညီမလေးက သူများတွေကိုပဲ ထိန်းချုပ်မှာ" သူမက စိတ်ကျေနပ်စွာ ပြောလိုက်သည်။
ရွှယ့်တုန်ထင်းမှာ စိတ်ထဲမှ သက်ပြင်းချလိုက်ကာ တွေးမိသည်။ 'နောင်ကျရင် အဲ့ဒီစာသင်သားနဲ့ ထွက်ပြေးသွားတဲ့အခါ မားမားချောင် ဘာများပြောလိမ့်မလဲ..'
"ယွမ်ရှန်း.. ညီမလေး မြို့တော်ကို သွားချင်လား"
ယွမ်ရှန်းက ချက်ချင်းခေါင်းညိတ်သည်။ "ဒါပေါ့ ဒါပေါ့။ အရမ်းသွားချင်နေတာ။ ခုလေးတင်ပဲ ခဲအိုက ပြောနေသေးတယ်။ မြို့တော်က မကောင်းဘူးတဲ့။ ဒါပေမဲ့ ညီမလေး အဲ့ဒီကို သွားချင်နေတုန်းပဲ။ တစ်ခါတစ်လေ မြို့တော်နဲ့ ညီမလေးနဲ့က ရင်းနှီးတယ်လို့ ခံစားနေရတယ်။ အရေးပါတဲ့တစ်ယောက်ယောက်က ညီမလေးကို စောင့်နေတဲ့အတိုင်းပဲ"
ရွှယ့်တုန်ထင်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး လန့်သွားသည်။ သူမ၏ ထူးဆန်းသော အိပ်မက်အကြောင်းကို ဖြစ်၏။ ထိုဝတ်စုံပြာနှင့် စာသင်သားက ပြောခဲ့သည်က "မြည်းတစ်ကောင်ကို စီးလာသော လူတစ်ယောက်သည် တစ်စုံတစ်ယောက်ကို ခေါ်ထုတ်သွားမည်ဟူ၏။ ထိုတစ်စုံတစ်ယောက်ဟူသည်က... ယွမ်ရှန်းများဖြစ်နေမည်လော...။
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomanceThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။