Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး

2.8K 393 1
                                    

Zawgyi

အခန်း (၅၉.၁)

စုန့်ယွီမင်က တောင်ပေါ်၌ ထင်းအလုံအလောက်ခုတ်ပြီးနောက် ထိုထင်းများကို ကျောတွင်သယ်ကာ အိမ်သို့ပြန်လာခဲ့သည်။ ထိုစဉ် သူက လမ်းပျောက်နေပုံရသော ယွမ်ရှန်းကို တွေ့လိုက်သည်။ သူမက ရွာထဲတွင် မည်သည့်လမ်းကို သွားရမှန်းမသိဖြစ်နေကာ ဝါးခြင်းတောင်းလေးကိုကိုင်ရင်း လမ်းဆုံနားတွင် မတ်တပ်ရပ်နေလေသည်။ သူမ စုန့်ယွီမင်ကို တွေ့သောအခါ ခုန်ပေါက်ကာ လက်ဝှေ့ရမ်းပြလာသည်။

စုန့်ယွီမင်က သူမဆီလျှောက်လာပြီး ပြောသည်။ "တတိယခယ်မလေးလား။ ဒီမှာဘာလုပ်နေတာလဲ။"

ယွမ်ရှန်းက ပြုံးစိစိနှင့် ပြော၏။ "ခဲအို.. သမီးက ဒုတိယမမကိုတွေ့ဖို့လာတာကို ခဲအိုတို့အိမ်က အရမ်းရှာရခက်တာပဲ။ သမီး ရွာသားတွေကိုလည်း မေးကြည့်သေးတယ်။ ဒါပေမယ့် တစ်ယောက်မေးလိုက်တိုင်း တစ်ခွန်းထွက်လာတိုင်းပဲ။ အဖြေတွေက တူကိုမတူဘူး။"

စုန့်ယွီမင်က ပြုံးလိုက်သည်။ "လမ်းပျောက်လို့စိတ်ညစ်နေရမယ့်အစား လမ်းညွှန်တာတွေမတူလို့ အဲ့တာတွေကို အပြစ်ပြောနေတာကိုး။ အစ်ကို့နောက်လိုက်ခဲ့။"

ယွမ်ရှန်းက ပြုံးဖြဲဖြဲဖြစ်နေသည်။ သူမက သူ့နောက်မှ ထင်းစည်းကို သတိပြုမိသွား၏။ သူမက မေးလိုက်သည်။ "ခဲအို.. အဲ့တာတွေကို တစ်လျှောက်လုံး သယ်လာရတာ မပင်ပန်းဘူးလား။"

စုန့်ယွီမင်က ခေါင်းခါသည်။ ထို့နောက် သူက ပြော၏။ "ဒီကို တစ်ယောက်ထဲ လာတာလား။"

"ရှူးး" ယွမ်ရှန်းက ပြောလိုက်သည်။ "ဒုတိယမမကို သွားမပြောနဲ့ဦးနော်။ နို့မို့ဆို သမီးကို ဆူနေဦးမယ်။"

စုန့်ယွီမင်က စိတ်ပင်ပန်းစွာ ခေါင်းညိတ်လိုက်သည်။ "အဲ့ဒါဆို မားမားချောင်ကရော? မင်းအစ်မက မားမားချောင်အတွက် စိတ်ပူနေဦးမယ်ထင်တယ်။"

"မားမားချောင်က အဆင်ပြေပါတယ်။ သူမရဲ့ အသံကျယ်ကြီးက ခုနစ်အိမ်ကြား ရှစ်အိမ်ကြားနဲ့။"

"ဪ။ မားမားချောင် ခိုင်းတာကို မလုပ်ချင်လို့ ထွက်ပြေးလာတာပေါ့လေ။"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now