Zawgyi
အခန်း (၂၄)
ဘာလို့ ဆန္ဒမရှိရမှာလဲရွှယ့်တုန်ထင်းမှာ သူမစကားမှားသည်ကို သိလိုက်သောကြောင့် ခေါင်းကို တိတ်ဆိတ်စွာ ငုံ့လိုက်သည်။
မားမားချောင်က စိတ်ပျက်စွာ ကြည့်သည်။ "မင်းကဆန္ဒမရှိလို့လား။ "
"... သမီးက ဘာလို့ဆန္ဒမရှိရမှာလဲ" သူမက တိုးတိုးတိတ်တ်ိတ် ပြောသည်။
မားမားချောင်က မျက်မှောင်ကြုတ်လိုက်၏။ "ဒါဆို သူလား။ သူကသမီးရဲ့ နောက်ခံကို မကြိုက်တာလား။ "
ရွှယ့်တုန်ထင်းက ခေါင်းခါသည်။ "မဟုတ်ပါဘူး"
မားမားချောင်က သူမကိုစိုက်ကြည့်နေသည်။ ရုတ်တရက် သူမ အသံနိမ့်နိမ့်ဖြင့် ပြောသည်။ "သူက ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံလည်း ကောင်းတယ်သူကအိပ်ခန်းထဲမှာပဲ"
ရွှယ့်တုန်ထင်းမှာ ဤကိစ္စကို အဆုံးထိတွေးပစ်လိုက်သည်။ ရွှယ့်တုန်ထင်းက မားမားချောင်၏ အင်္ကျီလက်ကိုဆွဲပြီး "မားမား! ဒီအကြောင်းကို မမေးနဲ့တော့လေနော်"
မားမားချောင်က ရွှယ့်တုန်ထင်း၏နဖူးကို အသာရိုက်သည်။ "ကောင်မလေး၊ မားမားကို စိတ်မပူစေလို့ မရဘူးလားဟင်"
ရအကူအညီမဲ့သလိုခံစားရတယ်။ "မားမားချောင်၊ အဲဒါကို စိတ်မပူပါတော့နဲ့။ သမီး သူ့ကို မလွတ်စေရဘူးလို့ အာမခံပါတယ်၊ မားမား မျက်နှာပျက်အောင်လည်း သမီးမလုပ်တော့ပါဘူးလို့ အာမခံတယ်။ နော်လို့"
မားမားချောင် သက်ပြင်းချလိုက်သည်။ အဲဒီသမက်လေးက ကျေးလက်က ငါးဖမ်းသမားတစ်ယောက်လောက်ပဲ ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမယ့် သူကလိမ္မာပါးနပ်တယ်လေ။
သူနဲ့စကားပြောရုံနဲ့ မားမားသေချာပြောနိုင်တယ်။ သူ့အပြုအမူတွေက သူဟာ အခြားငါးဖမ်းသမားတွေနဲ့ မတူဘူးဆိုတာ သိနိုင်တယ်။ ပြီးတော့ သူ အများကြီး တွေ့ကြုံဖူးတယ်။
သူ့ကိုလက်ထပ်မယ်ဆို သမီးအတွက် လုံးဝဆုံးရှုံးမှာမဟုတ်ဘူးကွယ့်။ ဒါမျိုးက မဖြစ်မနေ လုပ်ကိုလုပ်ရမယ်၊ သမီး သူ့ကို မငြင်းသင့်ဘူးနော်။ တကယ်တော့ သူက သမီးရဲ့ခင်ပွန်းပဲလေ"
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomanceThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။