Zawgyi
အခန်း (၁၇)
အဲ့တော့ ကိုယ်တို့အခု ဘာလုပ်ကြမလဲစုန့်ယွီမင်က ရွှယ့်တုန်ထင်းကို မင်းသမီးပွေ့ချီသည့်ပုံစံမျိုးကဲ့သို့ စွေ့ခနဲပွေ့ချီလိုက်လေသည်။ ရွှယ့်တုန်ထင်းမှာ လန့်သွားပြီး အားခနဲအော်မိမလို ဖြစ်သွားကာ စုန့်ယွီမင်၏ လက်များကတော့ သူမခါးနားတွင် တင်းကြပ်စွာပွေ့ဖက်ထားသည်။
သူမက အနှီတံငါသည်ကို ကြည့်လိုက်သည်။ "ဘာလုပ်တာလဲ"
စုန့်ယွီမင်၏မျက်လုံးက သူမ၏လည်ပင်းနားမှ တစ်စုံတစ်ခုက ယောင်ယောင်လေးပေါ်နေသော နေရာသို့ ရောက်သွားသည်။ သူက အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။ "မင်းအင်္ကျီဝတ်ထားတာ ပါးပါးလေးလေ"
ရွှယ့်တုန်ထင်းက အမှန်ပင် အင်္ကျီပါးပါးလေးဝတ်ထားကာ မသိစိတ်အရ သူမလည်ပင်းနားမှ အင်္ကျီစကို ဆွဲစု၍ သူမမျက်နှာသည်တော့ နီမြန်းသွားလေသည်။
စုန့်ယွီမင်က သူမကို ကုတင်ပေါ်ပြန်တင်ပေးလိုက်ရင်း
"ဒီနေ့တော်တော်အေးတယ်။ မင်းကလည်း အဖျားသိပ်မပျောက်သေးတော့ အိပ်ယာထဲမှာပဲနေ။ ကိုယ်ပဲ ချက်ပြုတ်လိုက်မယ်"
ရွှယ့်တုန်ထင်းက ပျာပျာသလဲပင်
"မဟုတ်ပါဘူး။ ကျွန်မ အဖျားပျောက်ပြီလေ။ ရှင့်ကို ဘယ်လိုလုပ်ပြီး ချက်ခိုင်းရမှာလဲ။ ဒါက နည်းနည်း"
စုန့်ယွီမင်က သူမစကားကို ဖြတ်ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ မင်းမရှိခင်တုန်းကလည်း ကိုယ်တစ်ယောက်ထဲပဲ ချက်ပြုတ်လာတာပါ။ ပန်းကန်နဲ့ ထမင်းစားတူတွေ နည်းနည်းလေးတိုးလာရုံပဲလေ"
"ဒါပေမယ့် ကျွန်မတို့က လက်ထပ်ပြီးပြီပဲလေ" သူမက နူးညံ့စွာ ပြောသည်။ "ဒါတွေအားလုံးကို ကျွန်မပဲ လုပ်ပါ့မယ်"
စုန့်ယွီမင်က ပြုံး၏။ "အဲ့တော့ ကိုယ်တို့ အခုဘာလုပ်သင့်လဲ"
ရွှယ့်တုန်ထင်းက သူမနားမလည်နိုင်သော ခံစားချက်များနှင့် သူ့ကို စိုက်ကြည့်လိုက်ပြီး လက်ကိုတောင် ဘယ်နားထားရမှန်းမသိတော့ပေ။ သူမက ပြုံးကာ "ရှင် ဒီနေ့ အပြင်မသွားတော့ဘူးလား"
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomantizmThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။