Chapter 54.2

2.9K 386 0
                                    

Zawgyi

အခန်း (၅၄.၂)

အသေအချာကိုပင် သူမတို့သွားရာလမ်းတွင် မြစ်ဆိပ်သို့သွား၍ အဝတ်လျှော်ကြမည့် မိန်းမကြီးအချို့ကို သူမတို့တွေ့လိုက်ရသည်။ သူတို့ထဲမှ နှစ်ယောက်ကိုတော့ တိမ်နှင်းဆီ သိသည်။ သူမတို့အချင်းချင်း နှုတ်ဆက်လိုက်ကြပြီးနောက် အလ္လာပသလ္လာပများ ပြောကြပြီးသောအခါ ခရီးဆက်လိုက်ကြသည်။ သို့သော် တိမ်နှင်းဆီမှာ သက်တော့သက်သာ မရှိနေပေ။

ဤသို့ဖြင့် သူမနှင့် ရွှယ့်တုန်ထင်းတို့ နှစ်ယောက်သား တဲအိမ်လေးသို့ ရောက်လာကြသည်။ ခြံဝင်းတံခါးလေးမှာ တစ်ဝက်သာပိတ်ထားပြီး သူမတို့ တွန်းဖွင့်လိုက်သောအခါ ဗြောင်အင်္ကျီဝတ်ထားသော စုန့်ယွီမင်သည် မီးဖိုရှေ့တွင် မီးမွှေးရင်း တကုပ်ကုပ် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရလေသည်။ အချို့သောအကြောင်းများကြောင့် မီးဖိုရှေ့တွင်ထိုင်နေသော ကြီးမားသည့် သူ့ပုံရိပ်မှာ အနည်းငယ် ကို့ယို့ကားရားနိုင်နေ၏။

ရွှယ့်တုန်ထင်းမှာ စိတ်မကောင်းဖြစ်သွားရပြီး သူမကိုယ်သူမသာ အပြစ်တင်နေမိတော့သည်။ သူမသည် ညီအစ်မများနှင့် အလုပ်များနေသောကြောင့် သူမ၏ခင်ပွန်းကို လျစ်လျှူရှုထားမိသည်။ သို့သော် သူမ ထပ်တွေးမိလိုက်သည်က သူမတို့လက်မထပ်ခင်တုန်းကလည်း သူ ဤသို့ပင် ကိုယ့်ဘာသာကိုယ် ချက်စားခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့် သူမ ရှေ့တိုးကာ သူ့ကို မေးလိုက်သည်။ "နောက်ကျနေပြီကို စားတောင်မစားရသေးဘူးပေါ့။"

စုန့်ယွီမင်က လှည့်မကြည့်လာဘဲ မီးဆက်မွှေးရင်း ပြောလိုက်သည်။ "ကူလုပ်ပေးမယ့်သူက မရှိတော့ ကိုယ် စားဖို့နောက်ကျနေတာ အပြစ်လား။"

ရွှယ့်တုန်ထင်းက ခပ်ပါးပါးပြုံးကာ သူ့နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "ရှင် ကျွန်မကို လိုအပ်နေတာလေ။ ဟုတ်တယ်မလား။ စားခါနီး အဆင်သင့်ထိုင်စားနေရတာကို အကျင့်ပါနေတာလေ။ ဟုတ်ဖူးလား။"

စုန့်ယွီမင်က ဆောင့်ကြောင့်ထိုင်နေရင်းနှင့်ပင် သူ့ဇနီးလေးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ နူးညံ့လှပနေသော သူမ၏ပုံရိပ်သည် ငုံ့ကိုင်းနေသောကြောင့် ရင်သားလေးများက အမှန်ပင် မြူစွယ်နေသယောင်..

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now