Chapter 12

5.3K 706 17
                                    

Zawgyi

အခန်း (၁၂)
ရှင်နဲ့တူတူစားရအောင်လို့ ရှင့်ကိုစောင့်နေတာလေ

လှေက ကမ်းစပ်ကို ရောက်လာပြီးသောအခါ ရွှယ့်တုန်ထင်းက လှေ ပေါင်းမိုးထဲမှထွက်၍ ကလေးကိုချီလာသည်။ စုန့်ယွီမင်က သူမ၏ အဝတ်ပါးပါးလေးနှင့် အေးနေသည်ကို သတိပြုမိလေ၏။ သူက သူ့ချည်ထည်အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး သူမကို ခြုံပေးလိုက်သည်။ ရွှယ့်တုန်ထင်းသည်လည်း သူက ချည်သားအထည်အပါးလေးတစ်ခုကိုသာ ဝတ်ထားပြီး သူမကို သူ့အပေါ်ထပ်အင်္ကျီကို ပေးသည်ကို မြင်သည်။ သူက ခေါင်းခါလိုက်သည်။ "မင်းဆံပင်တွေက ရှုပ်ပွနေတယ်လေ"

အပေါ်ထပ်အင်္ကျီမှာ ကြီးပြီး ရှည်လျားနေရာ ရွှယ့်တုန်ထင်၏ ခြေမျက်စိသို့ပင် ရောက်နေပြီဖြစ်သည်။ လူကြီးတစ်ယောက်၏ အင်္ကျီထဲတွင် သူမက ဇဝေဇဝါဖြစ်နေ၏။ လတ်ဆတ်သောရနံ့တစ်ခုကိုရနေပြီး သူမ ကူကယ်ရာမဲ့စွာ ရှက်သွေးဖြာသွားသည်။ စုန့်ယွီမင်က သူမဆံပင်များရှုပ်ပွနေသည်ဟု ပြောသည်ကိုပင် မကြားတော့ချေ။

သူမ မတုံ့ပြန်နိုင်ဖြစ်နေဆဲတွင်ပင် စုန့်ယွီမင်က သူမဆံပင်များကို စုချည်ပေးလိုက်သည်။ ထို့နောက် ကလေးကိုချီပြီး ကမ်းပေါ်တက်သွားလိုက်သည်။

နေ့အလင်းရောင်မလာခင်တွင် ဆောင်းတွင်းလည်းဖြစ်သည့်အလျောက် လမ်းငယ်လေးမှာ အေးစိမ့်ပြီး ခြောက်ကပ်နေကာ ဆိုင်များမှာလည်း ပိတ်ထားဆဲဖြစ်၏။

ဆေးဆိုင်ကိုရောက်သောအခါ သမားတော်က အိပ်ချင်မူးတူးဖြင့် တံခါးကိုလေးကန်စွာမဖွင့်ခင်အထိ စုန့်ယွီမင်က တံခါးကို အဆက်မပြတ်ခေါက်လေသည်။

စုန့်ယွီမင်က သမားတော်ကို လက်သီးဆုပ်ပုံစံဖြင့် နှုတ်ဆက်လိုက်သည်။ "သမားတော်လီ၊ ကျနော်တို့ရွာက ကောင်လေးက ပန်းနာရင်ကျပ်ဖြစ်နေလို့ပါ။ သမားတော်ကို အဲ့ကောင်လေးကို ကုသပေးဖို့ ဒုက္ခပေးလို့ရမလားဗျ"

သည်သမားတော်လီက စုန့်ယွီမင်ကို သိပုံရသည်။ သမားတော်၏ မျက်နှာက ချက်ချင်းပင် စိတ်အားထက်သန်သွားကာ ခုနကနှင့်မတူစွာ နူးနူးညံ့ညံ့ပြုံးလိုက်သည်။ ဟယ်ရှုချီထားသောကလေးကို တစ်ချက်ကြည့်လိုက်ပြီး စုန့်ယွီမင်ကို ပြောလိုက်သည်။ "ကျုပ်အဲ့ကလေးကို တွေ့ဖူးတယ်။ သူက နာတာရှည်ဖျားနာမှုဖြစ်နေတာဗျ။ ကြွပါဗျာ၊ ကြွပါ"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now