Chapter 5

6.1K 760 20
                                    

အခန်း (၅)
ခြေထောက်ဆေးခြင်း

တိမ်ထွတ်စီရင်စုမှ ဤမိန်းကလေးသုံးယောက်တွင် ဝမ်ချင်းသည် သစ်ခွပန်းလေးနှင့်တူ၏။ ယွမ်ရှန်းက ကြာပန်းလေးနှင့်ဆင်ပြီး သူမ ရွှယ့်တုန်ထင်းကတော့ ရနံ့မွှေးသော နှင်းဆီနီနှက့် သဏ္ဍာန်တူပေသည်။ မားမားချောင်က အမြဲတစေ သူမကို စနောက်တတ်သည်။ သူမမည်သို့ပင် လွန်စွာတောက်ပပြောင်လက်နေစေကာမူ သူမအမှုမထား။ သူမဘဝတွင် ပျော်သလိုသာနေသည်။

(သူရေးထားတာ she liked what she liked တဲ့။ ဘယ်လိုဘာသာပြန်ရမှန်းမသိလို့)

စုန့်ယွီမင်က ရေနွေးဇလုံတစ်ခုယူလာသည်။ သူ့မျက်လုံးများက အိပ်ယာခင်းအနီရောင်ကိုမြင်သောအခါ တစ်ချက်လက်သွားလေ၏။ အံ့ဩသွားသည့်ပုံပင်။

ရွှယ့်တုန်ထင်းက သူ့မျက်နှာပေါ်မှ ထူးဆန်းသည့်အမူအရာကိုမြင်သောအခါ ကပျာကယာ ပြောလိုက်သည်။ "မားမားချောင်က သေသေချာမှာလိုက်တယ်။ လက်ထပ်တဲ့အခါကျရင် အနီရောင်အိပ်ယာခင်းကို ခင်းရတယ်တဲ့" သူမစကားထစ်သွားသည်။ အချို့သော အကြောင်းအရာများမှာ ထုတ်ပြောရန်မလွယ်ကူချေ။

သို့သော် စုန့်ယွီမင်ကတော့ သတိပြုမိဟန်မရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "ခြေထောက်တွေကိုဆေးလိုက်ရင် မင်းအရမ်းကြီးအေးမှာ မဟုတ်တော့ဘူး။ သူက သူမ၏ ခြေထောက်ဘေးတွင်ရှိနေသော ရေနွေးဇလုံ၏ ဘေးတွင်ထိုင်ချလိုက်သည်။

ရွှယ့်တုန်ထင်းက အသာအံကြိတ်လိုက်ပြီး တိုးတိုးသာသာပြောလိုက်သည်။ "ရှင်ဒီနေ့တစ်နေကုန် အလုပ်လုပ်ထားရတာလေ။ ရှင်ပဲ အရင်ဆေးလိုက်ပါ။"

စုန့်ယွီမင်က ခေါင်းယမ်းလိုက်သည်။ သူက ဘာမျှတော့ မပြောပေ။ သို့သော် သူ့မျက်လုံးများက မည်သည့်ငြင်းဆန်မှုကိုမျှ ခွင့်မပြုဟု ဆိုနေသည်။

ရွှယ့်တုန်ထင်းမှာတော့ ရှက်အန်းအန်းဖြစ်နေပြီး ခြေထောက်ကိုကွေး၍ အနီရောင်ဖိနပ်လေးကို ချွတ်လိုက်သည်။

သူမ၏ ခြေထောက်လေးများက ပုံမှန်အားဖြင့် ကျောက်စိမ်းလို ချောမွတ်ဖြူစွတ်နေသော်လည်း ယခုတွင်တော့ အအေးဒဏ်ကြောင့် အနည်းငယ် နီရဲနေသည်။ သူမ၏ခြေထောက်ကို သစ်သားဇလုံလေးထဲသို့ ထည့်လိုက်သည့်အခါတွင် အပူလောင်သွားကာ နာကျင်မှုကြောင့် ခပ်တိုးတိုးညည်း၍ ခြေထောက်ကို အပြင်သို့ ဆက်ခနဲဆွဲထုတ်လိုက်သည်။ သို့သော် သူမမှာ ကုတင်၏အစွန်းနားလေးတွင်ထိုင်နေသည်ဖြစ်ရာ ရုတ်တရက်လှုပ်ရှားမှုက သူမကို ဟန်ချက်မညီဖြစ်သွားစေပြီး ကုတင်၏ ဘေးတစ်ဖက်ကို ပြုတ်ကျသွားသည်။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now