Zawgyi
အခန်း (၃၆)
ခြင်္သေ့ဟိန်းသံကိုကြောက်နေသေးတယ်တဲ့လားစုန့်ယွီမင်က လက်နှစ်ဖက်နောက်ပစ်ထားကာ မတ်တပ်ရပ်လျက် အဝေးမှနေ၍ တရွေ့ရွေ့ထွက်ခွာသွားသော အမျိုးသမီးနှစ်ဦးကို ကြည့်ရင်း သူ၏ယောကျာ်းပီသသောအပြုံးသည် ပေါ်ထွက်လာ၏။
လူအိုကြီးကျန်းက ပြော၏။ "သူတို့ သွားကြပါပြီဆို..."
စုန့်ယွီမင်၏ အပြုံးက နွမ်းလျနေသည်။ "မဟုတ်ဘူးလေ၊ ငါတို့နောက်တစ်ကြိမ်ကျရင် အားနဲ့မာန်နဲ့ နေလို့မရဘူးလားကွာ"
လူအိုကြီးကျန်းက ခေါင်းယမ်းလိုက်သည်။ မင်းနားမလည်ပါဘူးကွာ။ မင်းမိန်းမရဲ့ အပြစ်တင်သံက ငါ့မိန်းမရဲ့ ခြင်္သေ့လိုဟိန်းသံနဲ့ ယှဉ်ရင်ဘာမှမဟုတ်ဘူးကွ"
"အိုးး" စုန့်ယွီမင်က ပြောသည်။ သူသည် လူသူကင်းမဲ့ကာ တိတ်ဆိတ်လျက်ရှိသော တောအုပ်ဘက်များသို့ စူးစိုက်ကြည့်ကာ ရယ်မောလိုက်လေသည်။ "ဝူလင်သခင်ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့မင်းက ခြင်္သေ့ဟိန်းသံကို ကြောက်နေသေးတယ်တဲ့လား"
အဘိုးအိုသည် သူနှင့်အတူမတ်တပ်ရပ်နေပြီး လက်နောက်ပစ်၍ မျက်လုံးများကို ကျဉ်းမြောင်းထားကာ ဆိတ်ဆိတ်နေနေလေသည်။
ဆောင်းနေခြည်ဖျော့ဖျော့သည် ရေပြင်၏ အဆုံးအစမဲ့မျက်နှာပြင်ပေါ်တွင် တောက်ပနေသည်။ စက္ကန့်နှင့်အမျှ နေရောင်ခြည်က ဖျော့တော့လာကာ အေးစိမ့်စိမ့်နိုင်လာသည်။
သူတို့၏ခြေရင်းတွင်တော့ မပြီးဆုံးသေးသော ဝေ့ချီကစားနည်း ရှိနေသည်။ ဘုတ်ပြားပေါ်တွင် ကြမ္မာဆိုး၏ သင်္ကေတများရှိလျက်။
ရွှယ့်တုန်ထင်းသည်တော့ ရှုယင်နှင့် လူအိုကြီးကျန်းတို့ အတူနေကြသည့် ကြည်လင်ချောင်းစွယ်ရွာထိပ်ရှိ အုတ်ကြွပ်မိုးထားသော အိမ်လေးထံ ဆွဲခေါ်သွားခံနေရသည်။
သူမတို့က နွေးနွေးလေးဖြစ်နေသော အုတ်ခုတင်လေးပေါ်တွင် တင်ပျဉ်ခွေအနေအထားဖြင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
ရှုယင်က ရွှယ့်တုန်ထင်းနှင့် စကားစမြည်ပြောနေဆဲတွင် ချုပ်လက်စအဝတ်ကို ဆက်ချုပ်နေ၏။ နောက်ဆုံးတွင် ရွှယ့်တုန်ထင်းက ရှုယင်၏ ကျွမ်းကျင်သောအချုပ်အလုပ်ကို လေးစားစွာ ချီးကျူးလိုက်သည်။ "ဝိုးး၊ အစ်မက အရမ်းတော်တာပဲ"
YOU ARE READING
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomanceThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။