Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)

3.3K 418 3
                                    

Zawgyi

အခန်း (၆၂)
သူမလေးစိတ်ကောက်နေ၏ (၁)

ရွှယ့်တုန်ထင်းက အကြိမ်ရေအနည်းငယ်မျှ ချောင်းဆိုးပြီးနောက် စုန့်ယွီမင်ကို ကြည့်လိုက်သည်။ စုန့်ယွီမင်က သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်ကို ဖြည်လိုက်ပြီးနောက် သူမကို မေးသည်။ "မင်း အဆင်ပြေရဲ့လား။"

ရွှယ့်တုန်ထင်းက သူ့မျက်လုံးနက်နက်ထဲမှ စိုးရိမ်မှုလေးကို တွေ့လိုက်သည်။ သူမက တစ်ဖက်သို့လှည့်လိုက်ပြီးနောက် မျက်ရည်စလေးများ လျှံထွက်လာသည်။ "ကျွန်မ အဆင်ပြေပြေ မပြေပြေ ရှင့်အပူတစ်ပြားသားမှ မပါဘူး။ ကျွန်မက ရွှယ့်တုန်ထင်းမဟုတ်ဘူးဆိုကတည်းက ရှင် ကျွန်မကို ဂရုစိုက်ဟန်လည်းဆောင်ဖို့ မလိုတော့ဘူး။"

စုန့်ယွီမင်က တုံ့ဆိုင်းလျက် သူမကို မျက်မှောင်ကြုတ် ကြည့်နေသည်။ သူက အချိန်အတော်ကြာသည်အထိ ဘာမှမပြောခဲ့ပေ။

သူမ မည်သူဖြစ်ကြောင်း သူ ဂရုမစိုက်ပါဟု စုန့်ယွီမင်ပြောသည်ကို သူမ မျှော်လင့်နေပါသော်လည်း ထိုငတုံးက သစ်သားတုံးတစ်တုံးကဲ့သို့ ရပ်နေပြီး ဘာမှမပြောသည်ကို တွေ့လိုက်ရ၏။ သူမစိတ်ထဲတွင် ဒေါသတို့ပေါက်ဖွားလာပြီး သရော်ပြုံး,ပြုံးလိုက်သည်။ "ဪ အဲ့တော့ ရွှယ့်တုန်ထင်းအစစ်က ရှင့်အတွက် ပိုအရေးပါမှန်း ကျွန်မ သိသွားပြီ။ သွား.. ရွှယ့်တုန်ထင်းအစစ်ကို သွားရှာပြီး ကျွန်မကို လွှတ်ပေးတော့။"

စုန့်ယွီမင်ကတော့ သူမကို လွှတ်မပေးဘဲ ပွေ့ချီထားဆဲပင်။ သူက သူမကို မတ်တပ်ရပ်လျက် ပွေ့ထားကာ အိမ်သို့ ဦးတည်လမ်းလျှောက်နေသည်။ ရွှယ့်တုန်ထင်းက သူ့ရင်ဘတ်နှင့် ပုခုံးတို့ကို သူမလက်သီးတို့ဖြင့် ထုရိုက်ကာ အော်၍ ပြော၏။ "ကျွန်မကို လွှတ်ပေး။ ရှင်က သာမာန်အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲနေတာပဲ။ လွှတ်.. ကျွန်မကို လွှတ်။"

သူက သူ့ကို ဆင့်ကာဆင့်ကာ ထုရိုက်နေသော သူမ၏လက်သီးလေးများကို ဖမ်းဆုပ်လိုက်သည်။ သူ့မျက်ဝန်းတွင်တော့ ထူးထူးခြားခြား စိတ်ပိုင်းဖြတ်ထားမှုတို့ လွင်ပေါ်နေ၏။

ရုန်းရင်းကန်ရင်းနှင့်ပင် သူတို့တဲငယ်လေးဆီသို့ ရောက်သွားသည့်အခါ သူက သူမကို အိပ်ယာပေါ် တင်ပေးလိုက်သည်။ သူမ၏ရုန်းကန်မှုများကို သူလျစ်လျှူရှုလိုက်ရင်း သူမကို စောင်ခြုံပေးလိုက်သည်။ "ကိုယ် မီးလင်းဖို,ဖိုပြီး ရေနွေးတည်ခဲ့မယ်။"

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now