Chapter 14

5.3K 652 10
                                    

Zawgyi

အခန်း (၁၄)
အအေးမိခြင်း

စုန့်ယွီမင်က အနည်းငယ် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ "ဘာကိုစိတ်ဆိုးရမှာလဲ။ မင်းကိုယ့်ကို ခေါ်လိုက်တဲ့အကြောင်းကို အံ့ဩသွားတာလေ။ အိုးး စကားမစပ် ခုနက မင်းကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်? သေချာမကြားလိုက်လို့ နောက်တစ်ခေါက်လောက် ပြန်ခေါ်ကြည့်ပါဦး"

ရွှယ့်တုန်ထင်း၏ မျက်နှာမှာ နီမြန်းသွားသည်။ သူမ ခုနက မုဆိုးမနှင့် စကားပြောနေတုန်းက စုန့်ယွီမင်ကို 'ယောက်ျား' ဟုခေါ်ခဲ့သည်ကို သတိရသွားသည်။

သူမ ဘာမှပြန်မဖြေသည်ကိုတွေ့သောအခါ စုန့်ယွီမင်က နူးညံ့စွာပြုံးလိုက်၏။ သူပြုံးနေသည်ကို သူမမျက်လုံးထောင့်မှ တွေ့လိုက်ရသောအခါ ရွှယ့်တုန်ထင်းက သူ့လက်များကို သူမပုခုံးပေါ်မှ သူ့လက်များကို ဖယ်ချရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်သဖြင့် သူမနှုတ်ခမ်းကိုတွန့်၍ သူ့ကိုလျစ်လျူရှုလိုက်လေသည်။

အိမ်ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက် သူမ အအေးနှင့်အပူနှစ်မျိုးလုံးကို ခံစားလိုက်ရသလို ခြေထောက်များလည်း ပေါ့ပါးနေသည်ဟု ခံစားနေရကာ အိပ်ရေးဝအောင် အိပ်ချင်လာသည်။

စုန့်ယွီမင်က သူမအိပ်ငိုက်နေသည်ကိုတွေ့တော့ မနေ့ညက ပင်ပန်းထားလို့ဟုထင်ကာ တိုက်တွန်းလိုက်သည်။ "မြန်မြန်သွားအနားယူလိုက်တော့"

(ဒီအပိုဒ်က အရင်အခန်းကို ကျော်ပြီးဖတ်ရင် သေချာပေါက်ကို နားလည်မှုလွဲမှာပဲ 😂 )

သူမက ခေါင်းငြိမ့်လိုက်ကာ အိပ်ရာပေါ်သို့သွားပြီး အိပ်လိုက်သည်။ သို့တိုင်အောင် သူမ အေးစိမ့်စိမ့်ဖြစ်နေသည်။ စုန့်ယွီမင်က မီးလင်းဖိုယူလာခဲ့သော်လည်း သူမက ခိုက်ခိုက်တုန်အောင် အေးနေဆဲပင်။

စုန့်ယွီမင်က သူ၏ဖြောင့်တန်းသောမျက်ခုံးအစုံကို မျက်မှောင်ကြီးကြုတ်ကာ နှဖူးကို လက်ဖြင့်စမ်း၍ စိုးရိမ်စွာပြောသည်။ "မင်း အဖျားနည်းနည်းရှိနေတယ်"

"အွန်း" ရွှယ့်တုန်ထင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမ တကယ် နေလို့မကောင်းပေ။ ညပင် အေးခဲနေသည်ဟု သူမတွေးမိလာသည်။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now