UNI
မြို့ရဲ့ မနီးမဝေး ရွာလေးတစ်ရွာပေါ့..
အဲ့ဒီရွာလေးကတော့ အရမ်းကိုအေးချမ်းသာယာပြီး
အရမ်းကိုလဲလှပလွန်းသတဲ့။မြင်တဲ့သူတိုင်းကိုလဲ
ပျော်ရွှင်အေးမြစေပြီး လာရောက်အလည်လာတဲ့
အခါမှာလဲ မပြန်ချင်တော့လောက်အောင်ပါပဲ...
အိမ်လေးတွေကလဲ အရမ်းကိုချစ်စရာကောင်းပြီး
နေချင်စရာလေးတွေပါပဲ။တစ်ရွာလုံးက စိုက်ပျိုးရေးကိုပိုပြီးလုပ်ကိုင်
အားစိုက်ကြတယ်။အဲ့ဒါလေးကလဲရွာရဲ့
လှပမှုကိုပိုပြီးတွန်းအားပေးနေသလိုပါပဲ..ပြီးတော့တစ်ရွာလုံးကလဲ ရိုးသား
လွန်းသတဲ့..🏡🏡🏡
"ဝါးး
ဒါကတော့ ရွာထဲရဲ့ အိမ်တစ်လုံးလေးကပေါ့ကွယ်.
သူကတော့တစ်ကောင်ကြွက်၊ရည်းစားလဲမရှိတဲ့လူပျိိုကြီး၊မိန်းမယူမဲ့အကြောင််းကို သူမပြောနဲ့ သူများတွေ
လာပြောရင်တောင်မကြိုက်တဲ့သူ...သူခေါင်းထဲမှာရှိတာက အလုပ်တစ်ခုပဲ။
ပြီးရင် ရွာထဲမှာဆိုရင်တော့ သူက
အချမ်းသာဆုံး...အဟမ်း!ရွာ သူဌေး ကြီးပေါ့..အင်း..သူကတော့ရှောင်းကျန့်တဲ့...
ရှောင်းကျန့်တစ်ယောက်မနက်ပိုင်းမှာ ပျင်းရိစွာနဲ့
နိုးထလာခဲ့သည်။သန်းကျောဆွဲပြီး အပျင်းကို
အားရပါးရလိမ်ပြီးတာနဲ့ အိပ်ယာမှာထကာ
သူအိပ်ထားတဲ့အိပ်ယာကို လျင်မြန်စွာသိမ်းလိုက်ပြီး
ခန္ဓာကိုယ်သန့်စင်ခြင်းကိုစတင်တယ်...ရေချိုးသန့်စင်ပြီး လက်နှစ်ဖက်ကို basinပေါ်
ထောက်ကာ မျက်နှာကိုဘယ်လှည့်ညာလှည့်ဖြင့်
မှန်ကိုကြည့်ပြီး နှစ်ခြိုက်စွာပြုံးလိုက်သည်
အင်း..အဲ့ဒီအပြုံးက ပျိုမေတိုင်းပစ်ကြွေနေရတဲ့
စွဲမက်ဖွဲအပြုံး။(အဲ့ဒီထဲမှာပီပီလဲပါတယ်လူကြီးအပြုံးကိုအသေကြွေ😄)
သူ့မျက်နှာချောချောကိုမှန်မှာကြည့်ကာကျေနပ်
နေသည့်ရှောင်းကျန့်၊ထို့နောက်အနည်းငယ်ထွက်နေသည့်နှုတ်ခမ်းမွှေးကို
ပွတ်ကာ...
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄