31🍓

674 67 7
                                    

Unicode

"ပေါက်စဘာစားချင်လဲ..ကိုယ်ချက်ကြွေးမယ်"

ပေါက်စကသူ့ကြောင့်ဖျားနေရတာမို့ သူ့မှာတာဝန်ရှိသည်
အဲ့ဒါကြောင့်ပေါက်စစားချင်တာကိုလိုက်မေးနေရခြင်း။
သူကသာမေးနေပေမဲ့ပေါက်စကတော့ သူ့ကိုဘာမှပြန်
မပြောလေပဲ စူပုပ်ပုပ်မျက်နှာဖြင့်သာငြိမ်သက်နေသည်။

"ဟင်လို့ပေါက်စ..ဘာစားချင်တာရှိလဲ"

"ရှိဘူး!

ဆောင့်ဆောင့်အောင့်အောင့်နဲ့ပြန်ဖြေလာတဲ့ပေါက်စက
'ရှိဘူး တဲ့..။ ဒီကလေးခုထိစိတ်ဆိုးမပြေသေးဘူးလား?
သူစိတ်ဆိုးရအောင်လဲငါကဘာမှ မလုပ်ထားပဲနဲ့များ...
ဟိုကိစ္စကလဲသူအရင်လာစလို့ဖြစ်ရတဲ့ကိစ္စကို ဘာလို့
ရှောင်းကျန့်ကိုလာပြီးစိတ်ဆိုးနေရတာလဲမသိ?

"လိမ္မာတယ် စိတ်မဆိုးနဲ့တော့ပြီးတော့ ဟိုကိစ္စကိုလဲ
ကိုယ်တောင်းပန်တယ်..ရပြီလား? ကျေနပ်တော့"

သူကတောင်းပန်လေတော့ ပေါက်စကသူ့အားဆွေကြည့်
လာကာ...

"ငါကြက်ကျော်စားချင်တယ်.."

.
.
.
.
.
.

ပေါက်စအားကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေ
သော ယန်ယန်နဲ့ငပင်း....

အကြောင်းကတော့ ရုတ်တရက်ကြီးစကားပြောပီသွားရ
တဲ့ပေါက်စကြောင့်ပင်....။

"ငါဒီလိုမျိုးတစ်ခါမှမမြင်ဖူးဘူး..ညကတောင်ဝမ်လေးက
စကားမပီသေးတာ..ဘာလို့ခုကြတော့ချက်ခြင်းကြီးပြော
လို့ပီသွားရတာလဲ?"

ယွီပင်းကပြောတော့

"အင်းဟုတ်တယ်...ယန်လဲဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး..
ဝမ်လေးကထူးဆန်းတယ်နော်.."

နှစ်‌ယောက်လုံးကအံ့ဩနေကြတာမို့ ရှောင်းကျန့်လဲ
ဘယ်လိုရှင်းပြရမှန်းမသိတော့...အမှန်ဆိုသူလဲမသိဘူး
ပေါက်စကရုတ်တရက်ကြီး သူ့ဖာသူစကားပီလာတာ...

"ကဲပါ ထားလိုက်ကြတော့ စကားပြောပီသွားတော့လဲ
ကောင်းတာပဲ မဟုတ်ဘူးလား...မင်းတို့ကလဲအံ့ဩနေကြ
သေးတယ်.."

ရှောင်းကျန့်ကထိုသို့ပြောကာ ဝင်ဖြေရှင်းပေးလိုက်ရသည်။

"ကိုကိုလာ..ပေါက်စကိုမက်မွန်သီးလိုက်ခူးကြွေး.."

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now