Unicode
ရှောင်းကျန့်လဲအိမ်ရောက်တော့ ခြင်းတောင်းထဲက
ဝံပုလွေလေးကိုထုတ်ကာ ဆိုဖာပေါ်တွင်အသာချလိုက်ပြီး"ကဲ..ငါမင်းကိုဆေးလိမ်းပေးမို့ ဆေးသွားယူလိုက်ဦးမယ်
လိမ်လိမ်မာမာနေခဲ့နော်"ရှောင်းကျန့်လဲပြောပြီးတာနဲ့ အခန်းထဲသို့ ဝင်သွားကာ
ဆေးboxလေးကိုသွားယူလိုက်သည်။.............
" ဟင်!
ဘုတ်!
ရှောင်းကျန့် ဆေးသွားယူပြီးပြန်ထွက်လာတော့
ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်တောင်ဖြစ်သွားရတယ်
ကိုင်င်ထားတဲ့ဆေးဘူးလေးကလဲကြမ်းပြင်ပေါ်ကို'ဘုတ်
ခနဲ..အံ့သြမှုကလဲအဆုံး..."မင်း! မင်း ဘယ်သူလဲ!?
ရှောင်းကျန့်အံ့သြလွန်း၍ စကားတွေပါထစ်ကုန်တယ်။
ခုဏကသူထားခဲ့တဲ့ ဆိုဖာပေါ်မှာ ဝံပုလွေလေးအစား ကိုယ်တုံးလုံး ရွှေဝါရောင်ဆံပင်ဂုတ်ထောက်လေးနဲ့
အာသားအရည်လေးက ဖြူစင်ဝင်းမွတ်နေကာမထိရက်
မကိုင်ရက်စရာလေးဖြစ်နေတဲ့ လူတစ်ယောက်..."ငါမေးနေတယ်လေ!"
' ချွင် ! ချွင် !
ရှောင်းကျန့်ထပ်မေးလိုက်တော့ ကိုယ်တုံးလုံးကြီးဖြင့်
ထလာတဲ့ သူလေးကြောင့် ရှောက်းကျန့်အမြန်ပဲ
မျက်လုံးကိုစုံမှိတ်လိုက်ပြီး မျက်နှာကိုလက်ဖြင့်ကာ
ထားလိုက်ရသည်။"ဟာ.ဟေ့!ဟေ့!ဒီ..ဒီတိုင်းကြီးထမလာနဲ့လေ"
ကျစ်!မဖြစ်သေးပါဘူး...
ရှောင်းကျန့်လဲ အခန်းထဲကိုအမြန်ပြေးဝင်သွားပြီး
ဗီဒိုထဲက တွေ့တဲ့ အက်ျီတထည်ကိုသာအမြန်ယူ
လိုက်ပြီး ပြန်ထွက်ခဲ့တော့သည်။အပြင်ရောက်တော့ မုန်လာဥလေးရှိတဲ့ဆိုဖာစီကိုသွားကာ
"ရော့!ဒီမှာအဝတ် မြန်မြန်ဝတ်လိုက်"
မျက်နှာကတော့လွှဲထားလျက်....
အတန်ကြာသည်အထိငြိမ်သက်နေသေးတာကြောင့်
ရှောင်းကျန့်မျက်လုံးတို့ကိုအသာအယာဖွင့်ကြည့်လိုက်တော့
သူ့ကိုမြက်လုံးပြူးဝိုင်းလေးဖြင့် အူကြောင်ကြောင်လေး
ကြည့်နေတဲ့မုန်လာဥလေးကြောင့်ရှောင်းကျန့်အူယား
ရပြန်သည်။
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄