18🍓

1.3K 129 16
                                    

Unicode

"အဲ့ဒီမှာ ဆော့ချင်ပါဦးလား!အခုတော့ဖျားပြီမလားဟင်!

ကုတင်ပေါ်တွင် မျက်နှာလေးတစ်ခုထဲပေါ်အောင်သာ
တစ်ကိုယ်လုံးအား စောင်နဲ့ပတ်ထားကာ ထိုင်နေသော အလုံထုပ် ပေါက်စလေးအား ရှောင်းကျန့်စိတ်တိုတိုဖြင့်
အော်လိုက်မိသည်။

အော်တယ်ဆိုတာကလဲ အရမ်းကြီးလဲ မဟုတ်ပါဘူး။

ကိုယ့်အဖြစ်က စိတ်တိုလွန်းလို့ အားရပါးရ အော်ထည့်
ပစ်လိုက်ချင်ရင်တောင်မှ မအော်ရတဲ့အဖြစ်!

သိတယ်မလား? ကိုယ်တောင်မအော်ရသေးခင် သူက
အသေငိုတော့မှာ!

ခင်ဗျားတို့လဲ မှတ်ထားပါ.......ဝံပုလွေတွေက အသဲနုတယ်ရယ်.....

"လာခဲ့! ဆေးသောက်မယ်.."

ရှောင်းကျန့် ဆေးဘူးလေးထဲက အဖျားကျဆေးတို့ကို
လက်ဖဝါးထဲသို့ လောင်းချလိုက်ပြီး ရေတစ်ခွက်ယူကာ
ပေါက်စဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဆေးသောက်မယ်"

ပေါက်စက ရှောင်းကျန့်လက်ထဲက ဆေးလုံးလေးတွေကို
ကြည့်ကာ မျက်လုံးကလဲ အရောင်တလပ်လပ်ဖြင့်......

ဒီကလေး..ဆေးတွေကို မုန့်လို့ထင်နေတာတော့
မဟုတ်ဘူးမလား...?

"ဝေ့!...ဘာလုပ်တာလဲ.."

ရှောင်းကျန့်အတွေးတောင် မဆုံးသေး...ပေါက်စက
ရှောင်းကျန့် လက်ထဲက ဆေးတစ်လုံးကို ဇတ်ခနဲဆို နှိုက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

"ဒီအတိုင်းဆို..အရမ်းခါးတယ်နော် ပေါက်စ..
ပြန်ထွေးထုတ်လိုက်"

"ဟင့်....!

မကြာပါဘူး မျက်နှာက တစ်ဖြည်းဖြည်း ရှုံ့မဲ့လာကာ
မျက်ရည်တွေပါ ဝဲတတ်လာတဲ့ ပေါက်စ.....

"ရော့..ရော့....ရေသောက်....ရားး..ဘာလုပ်တာလဲ!"

"အော့!

ကျေးဇူးရှင်လေးကတော့ ရေပေးနေတာကို မယူပဲ
ပျို့တတ်ကာ ရှောင်းကျန့်ပေါ်သို့ ထွေးချလိုက်လေသည်

"မင်း!..မင်း...

ဆူလိုက်ချင်ပေမဲ့လဲ ဟိုကနေမကောင်းတဲ့သူမို့ စကားလုံး
တို့ကို ရှောင်းကျန့် ပြန်မျိုချလိုက်ရသည်...။

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now