Unicode
"မား..သားတို့ကဝံပုလွေတွေဖြစ်ပါရဲ့နဲ့ဘာလို့
အားလုံးက လူပုံစံပြောင်းနိုင်ကြတာလဲဟင်...""အော် ဒါကမိတ်ဖက်နှစ်ဦးက လူသားနဲ့ဝံပုလွေပေါင်းစပ်
ထားတာကြောင့်လေ..သားရဲ့ပါးကလူသား မားက
ဝံပုလွေဆိုတော့ သားကလူလိုလဲပုံစံပြောင်းလို့ရသလို
ဝံပုလွေလိုလဲပုံစံပြောင်းလို့ရတာပေါ့...""အော်..ဒါနဲ့မား"
"ဟင် ပြောလေသားလေးရဲ့.."
"သားနာမည်က တစ်လုံးတည်းလားဟင်"
"အိုကွယ် ဒီအသက်ဒီအရွယ်တောင်ရောက်နေပြီ သားက
ခုထိကိုယ့်နာမည်ကိုမသိဘူးပေါ့လေး ဒီကလေးတော့""ဟွန့် မားတို့ကသားကိုအချိန်ပြည့်တစ်ဝမ်ထဲဝမ်ပြနေ
တာကို သားကဘယ်လိုလုပ်သိမှာလဲ"ဟုတ်တော့လဲဟုတ်ပါသည်။ငယ်ငယ်လေးထဲ သားဝမ်ကို
အားလုံးက ဝမ်လေးဝမ်ဝမ် စသဖြင့်အဲ့လိုခေါ်ခဲ့ကြသည်
မို့ သားငယ်ကသူ့နာမည်သူမသိတာတော့မဆန်းပါဘူး"ဟုတ်ပါပီကွယ်..ဒါဆိုမားပြောပြမယ်နော် သားနာမည်
အပြည့်အစုံက ဝမ်ရိပေါ်တဲ့သားသားရဲ့ သိပြီလား..""ဝမ်ရိပေါ်..."
ဝမ်ကသူ့နည်မည်သူရေရွတ်ရင်း စိတ်ထဲကနေလဲ
'ဟုတ်ပြီ ငါကိုကိုနဲ့ပြန်တွေ့ရင်ပြောပြရမယ်'ဆိုပြီးတော့
လဲ တေးထားလိုက်တယ်။ရုတ်တရက်ကိုကို့အကြောင်းတွေးမိပြန်တော့လဲ
ကိုကို့ကိုလွမ်းသွားရပြန်ပြီ။ မားကလဲအခုဆိုရိပေါ်ကို
ထပ်ပျောက်သွားမှာဆိုးလို့ဆိုပြီးတော့ရိပေါ်ကိုသူ့မျက်စိ
ရှေ့ကနေအပျောက်ကိုမခံပါ။ အဲ့လိုပုံစံနဲ့ဆိုသူကကိုကိုနဲ့
ဘယ်လိုတွေ့ရတော့မည်နည်း။ တစ်ကယ်လို့တွေ့ခွင့်
ရရင်တောင် သူကဘယ်မှာသွားတွေ့ရမှာလဲ?သွားတွေ့လို့ကိုကိုကသူ့ကိုမောင်းထုတ်ရင်ရော?
အဲ့လိုတွေလိုက်တွေးနေရင်းနဲ့ပဲ ကိုကိုနဲ့နောက်ဆုံးတွေ့ခဲ့
သည့်နေ့ကို ပြန်သတိရသွားသည်။'မင်းအဲ့လောက်ပြန်ချင်နေရင်လဲပြန်' ဆိုပြီးသူ့ကိုဒေါသ
တကြီးအော်လိုက်တဲ့ကိုကိုကြောင့်သူမှာအဲ့နေ့ကအမှန်
တကယ်လန့်နေခဲ့ရတော့သည်။ တဆက်တည်းကိုကိုက
သူ့ကိုမလိုချင်တော့လို့မောင်းထုတ်တာ ဆိုပြီးတော့လဲ
ကောက်ချင်တဲ့စိတ်လေးနဲ့ တွေးမိပြန်တယ်။
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄