Unicode
ပေါက်စကို အဝတ်အစားဝတ် ပေးပြီးထဲက
ရှောင်းကျန့်မှာ ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်
ခြေပစ်လက်ပစ်ကို အမောဖြေနေရသည်။
တော်တော်ဆိုးတဲ့ သောက်ကလေး!အဝတ်အစားလေး တစ်ခါဝတ်ပေးတာ ရှောင်းကျန့်
ရဲ့အိမ်မှာ တိုင်းပြည်ကို ပျက်လို့....အင်း.....သေချာကြည့်မယ်ဆိုပါက ရှောင်းကျန့်ရဲ့
လက်တွင် ကိုက်ရာများကို တွေ့ရပါလိမ့်မည်။ဒါကလဲ နှစ်ယောက်မရှိတဲ့ ဝံပုလွေအစုတ်ပလုတ်
လေးရဲ့လက်ချက်ပင်.....သောက်ကလေး! ကိုယ်ကသူအေးမှာဆိုးလို့ စေတနာနဲ့
အဝတ်လဲဝတ်ပေးရသေးတယ်...သူက ကိုယ့်ကို
ကိုက်တဲ့အပြင် စိတ်ပါ လှည့်ဆိုးနေလိုက်သေး.....ရှောင်းကျန့်မကျေနပ်ချက်တို့ကို စိတ်ထဲမှာတွေးရင်း သူ့ရဲ့ ဘေးနားကပေါက်စကို လှမ်းကြည့်လိုက်တော့
မျက်နှာကြီးစူပုတ်ကာ သူအဝတ် ဝတ်ပေးတုန်းက
ငိုထားလို့ နှာသီးလေးကရဲနေပြီး ခုချိန်ထိ
ရှိုက်နေတုန်းပင်။"ငိုမနေနဲ့တော့! မျက်ရိုးတွေကိုက်ကုန်လိမ့်မယ်"
သူကပြောလိုက်တော့ ပေါက်စက တစ်ချက်လှည့်
ကြည့်၍ သူ့ကို မျက်စောင်းထိုးကာ
ပြန်လှည့်သွားသည်။အင်းး...ငါအရမ်းတွေ ထုသတ်ချင်နေပြီ!
~တင်းတောင်! ~တင်းတောင်!
ရှောင်းကျန့်စိတ်တိုတုန်းရှိသေး..ခြံရှေ့မှ လူခေါ်
ဘဲလ် လေးက အသံမြည်လာတာကြောင့်
သူထွက်ကြည့် ရတော့သည်..................
"ဦးလေးလီတောင် ပြန်လာပြီလား"
"အေး...ရှောင်းကျန့်ရ! ငါပြန်လာပြီ..ရော့ ဒီမှာ
မင်းမှာထားတဲ့ဟာတွေ"ဦးလေးလီကပြောရင်း သူ့လက်ထဲမှအထုပ်ကို
ရှောင်းကျန့်အား ကမ်းပေးလာတာကြောင့်
ရှောင်းကျန့် လှမ်းယူလိုက်သည်။"ကျေးဇူးပဲ ဦးလေးလီရေ...ကျတဲ့ငွေကို
လိုက်ယူလိုက်ပါလား""ရပါတယ်...နောက်နေ့မှပေးတော့ အခုက နောက်ကျ
နေပြီမို့ အိမ်ပဲသွားလိုက်တော့မယ်...တော်ကြာနေ
ငါ့မိန်းမကဆူနေဦးမယ်"
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄