Unicode
" အင့်!
ပေါက်စစီကိုအရှိန်နဲ့ပြေးသွားလိုက်ကာ အားနဲ့ဆွဲဖက်
ပစ်လိုက်တော့ ပေါက်စလေးက အင့်ခနဲ။"တစ်ကယ်ပဲပေါက်စလေးလား..တစ်ကယ်ပဲလားဟင်"
ရှောင်းကျန့်မှာပျော်လွန်းလို့ မျက်ရည်ပါကျလာရသည်
"မဟုတ်ဘူးအတု"
"ဒီပေါက်စလေးကတော့ ကိုယ်ကအရမ်းလွမ်နေတာကို"
"လူညာ..ခုနကတော့သူ့အသီးတွေစားပစ်လို့ဒေါသထွက်
နေပြီးတော့များ""အဲ့ဒါက ပေါက်စမှန်းကိုယ်မသိလို့ပါကွာ..စိတ်မဆိုးနဲ့"
"အင့် ဖက်ထားတာလေးအရင်လွှတ်ပေးဦး.."
"ခနလောက်ထပ်ဖက်ထားချင်သေးတယ်။ကိုယ်ပေါက်စ
ကိုအရမ်းလွမ်းနေလို့..""ပေါက်စလဲ ကိုကို့ကိုအရမ်းလွမ်းတယ်.."
"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်ကြောင့်
ပေါက်စနဲ့ကိုယ်နဲ့ဝေးရတာ""ခုသိပြီလား..နောက်ဆိုပေါက်စကိုမနှင်နဲ့ မအော်နဲ့"
ပေါက်စကရှောင်းကျန့်ရဲ့ ရင်ဘက်ကိုလက်သီးစုပ်လေးနဲ့
ထိုးရင်းပြောသည်။"စိတ်ချ နောက်ဆိုပေါက်စကို ကိုယ်ဘယ်တော့မှ
မအော်တော့ဘူး နှင်လဲမနှင်ဘူးနော်""အွန်းး.."
"လာ အခုကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့တော့။ ပေါက်စ
စားချင်တာမှန်သမျှကိုယ်အကုန်ချက်ကြွေးမယ်..""ဟုတ်ကိုကို..မွ! "
"အယ်..
ရှောင်းကျန့်ရဲ့ပါးကို လှစ်ခနဲနမ်းလိုက်တဲ့ပေါက်စက
သူ့ဟာသူနမ်းပြီး ရှက်သွားကာ ရှေ့ကနေပြေးသွားတော့
သည်။ ရှောင်းကျန့်လဲရင်ခုန်သွားရကာ မျက်နှာကလဲ
တပြုံးပြုံးဖြင့်...တစ်ကယ်ကြီးပေါက်စကိုပြန်တွေ့လိုက်ရတော့ သူ့မှာ
အိပ်မက်လို့တောင်ထင်သွားတာ။ နောက်ဆုံးတော့
သူချစ်ရတဲ့ပေါက်စလေးကသူ့အနားပြန်ရောက်လာလေပြီ။ နောက်ဆိုရင် ပေါက်စလေးကို သူ့အနားကနေ
ဘယ်ကိုမှ ထွက်ခွာသွားခွင့်ပြုတော့မည်မဟုတ်။ ပေါက်စ
မရှိရင် သူမှမနေနိုင်ပဲ..။
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄