Unicode
ရှောင်းကျန့် ရေချိုးခန်းထဲက မှန်ရှေ့တွင်ရပ်ကာ
ပေါက်စကိုက်ထားတဲ့ ကိုက်ရာတွေကို သေချာကြည့်
နေမိသည်။ရင်ဘက်မှာကတော့ ညကပဲ လောလောလတ်လတ်
ကိုက်ထားခံရတဲ့ ဒဏ်ရာ၊ ပြီးတော့ အရင်နေ့တွေက
ကိုက်ထားတဲ့ ဒဏ်ရာတွေက အခုဆို အညိုရောင်
ပြောင်းနေပြီဖြစ်သည်...။သောက်ကလေး! ကိုက်ရင်လဲ ညှာညှာတာတာ
ကိုက်မယ်မရှိ! တစ်ကယ်ကြီး သွေးထွက်တဲ့အထိကိုပင်
ကိုက်သည်။သူ့ကိုပြန်လုပ်ရင်တော့ အသံပြဲကြီးနဲ့ငိုပါလိမ့်မယ်..
တွေ့မယ်! သောက်ဝံပုလွေစုတ်လေး! ငါ့အလှည့်ကျရင်
ညှာမယ်မထင်နဲ့! ။ထို့နောက် ရှောင်းကျန့်က သဘက်တထည်အား ခါးတွင်
ပတ်ကာ ရေချိုးခန်းမှ ထွက်ခဲ့တော့သည်.....။အပြင်ရောက်တော့ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေဆဲဖြစ်တဲ့ ပေါက်စကို တွေ့ရသည်။သူလဲ ပေါက်စဘေး၏ ကုတင်စွန်းတွင် ဝင်ထိုင်ကာ
ပေါက်စ၏ ခြူသီးလေးတွေရှိတဲ့ခြေထောက်တစ်ဖက်ကို
သူ့ပေါင်ပေါ်သို့ တင်လိုက်သည်။အကြောင်းတော့မဟုတ်၊ ခြူတွဲလေးကို ဖြုတ်ဖို့ပင်....
အငြိမ်မနေတဲ့သူနဲ့ ခြူသီးတွေနဲ့က လုံးဝကို မအပ်စပ်
ဘူးမလား?? နားငြီးလွန်းတယ်!ရှောင်းကျန့်က ခြူသီးလေးတွေကို ဖြုတ်ပြီးသွားတော့
ဘူးအသေးလေး တစ်ခုထဲသို့ ထည့်လိုက်ပြီး ထိုဘူးလေး
ကို အံဆွဲထဲသို့ ထည့်ထားလိုက်သည်။"အွန်းး........."
ခနနေတော့ ပေါက်စက သံရှည်စွဲကာ တစ်ကိုယ်လုံး
လူးလွန့်တဲ့အထိကို ပျင်းကြောရှည်ဆွဲလာတော့သည်....။
ပြီးတော့ ပြန်အိပ်သွားတယ်..။"ပေါက်စ.....ထတော့! ဒါအိပ်ရမဲ့ အချိန်မဟုတ်တော့ဘူး"
ရှောင်းကျန့်က ပေါက်စအား လှုပ်နှိုးလိုက်သည်။
ဒါပေမဲ့ ဟိုကလေးက လှုပ်တောင်မလှုပ်။"ဝေ့! ထတော့လို့..ငါမင်းကို ရေနဲ့ပတ်ပြီးနှိုးလိုက်ရမလား
ဟမ်..! "
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄