Unicode
ဟိုကလေးပျောက်သွားတဲ့နေ့ကစပြီး မျက်နှာမရွှင်မလန်း
ဖြစ်နေတဲ့ ရှောင်းကျန့်ကို ယွီပင်းသတိထားမိပါသည်။ကောင်လေးကိုလဲပြန်တွေ့ခဲ့ပါရဲ့နဲ့ဒီကောင်ရှောင်းကျန့်က
ဘာဖြစ်နေမှန်းမသိ..?အခုလဲကြည့်ပါဦး..အပင်ရေလောင်းတယ်တဲ့! အဲ့တစ်ပင်
ကနေမရွေ့ပဲ ငိုင်ငိုင်ကြီးရေလောင်းနေပုံက အပင်တောင်
အအေးပတ်တော့မယ်!"ရှောင်းကျန့်!
"ဟင်...အင်း!ဘာလဲ"
"မင်းဘာဖြစ်နေတာလဲ?
"ငါကလား?
"အင်းလေ..မင်းပုံစံကိုလဲမင်းပြန်ကြည့်ဦး..ရည်းစာပူမိ
နေတဲ့အတိုင်းပဲ..ဘာလဲ ကောင်မလေးကပစ်သွားလို့လား
ဟဟ..""မဟုတ်ပါဘူးကွာ..မင်းကလဲ!
"ဘာမဟုတ်တာလဲ..မင်းနော် အစကတော့ငါတို့ကို
ရည်းစားမရှိဘူးလေး ဘာလေးနဲ့""တစ်ကယ်မဟုတ်ရပါဘူးဆိုကွာ..မင်းနဲ့ကတော့"
"အဲ့ဒါဆို မင်းကဘာဖြစ်နေတာလဲပြောလေ.."
"ဘာမှမဖြစ်ဘူးဆိုကွာ..တော်ပီ!မင်းပဲ အပင်ကို
ရေဆက်လောင်းနေလိုက်တော့..ငါအခန်းထဲမှာပဲ
စာဖတ်ပြီး အနားယူလိုက်ဦးမယ်..သွားပြီ""အေး..သွားသွား! မင်းမပြောချင်လဲနေ.."
သူ့ရှေ့ကထွက်သွားပြီဖြစ်တဲ့ ရှောင်းကျန့်ကိုသူလှန်း
အော်လိုက်သည်။ဒီလောက်သိသာနေတာကို ဒီကောင်က
ညာချင်နေသေး!.
.
.
.
.ရှောင်းကျန့်အခန်းထဲရောက်တာနဲ့ တံခါးကိုပိတ်ကာ
ကုတင်ပေါ်တွင် စိတ်ညစ်စွာ ထိုင်ချလိုက်မိသည်။သူတစ်ကယ်ပဲ ဘာဖြစ်နေတာလဲ..?
ပေါက်စကြောင့်လား..?ပေါက်စရဲ့ ထိုနေ့က အိမ်ပြန်ချင်တယ်ဆိုတဲ့ စကားတစ်ခွန်းကြောင် သူ့ကိုယ်သူ ဒီလောက်ထိ
ခံစားနေရလိမ့်မယ်လို့ တစ်ကယ်ကို မထင်ထားဘူး...ပေါက်စက ရှောင်းကျန့်ရဲ့အိမ်ကို ပြန်ချင်လို့
ငိုနေတယ်လို့တောင် မထင်ရလောက်အောင်ထိကို
သူ့ရဲ့ အဖေနဲ့အမေကိုသာ နှုတ်ဖျားကနေမချပဲအော်ငို
နေသည်လေ...
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄