26🍓

671 83 10
                                    

Unicode

ညနေစောင်းအချိန်လေးမှာတော့ ရှောင်းကျန့်တို့က
ခြံထဲတွင် အပင်များစိုက်နေလေသည်။

ညနေစောင်းလေးဆိုတော့ နေကလဲသိပ်မပူတော့
လုပ်ရတာ နဲနဲတော့သက်သာ၏။

"ရှောင်းကျန့်"

"အင်း..

"ဒီအပင်တွေ ငါစိုက်ထားတာမှန်ရဲ့လား"

"အေး..မှန်တယ် အဲ့လိုပဲဆက်လုပ်သွား တော်တယ်"

"‌မင်းနော် ကိုယ့်စီကိုလာလည်တဲ့ သူငယ်ချင်းကို
ခိုင်းစားနေလိုက်တာများ!"

"ဟ! ဒါကခိုင်းစားတာမဟုတ်ဘူး..ပညာသင်ပေးနေတာ
မင်းကို.."

"အေးပါကွာ..အေးပါ ငါတော့အသားတွေမဲပါပြီ"

ရှောင်းကျန့် ယွီပင်းအားဘာမှမပြောတော့ပဲ'မနိုင်ဘူး' ဆိုတဲ့ မျက်နှာပေးမျိုးနဲ့သာ ကြည့်နေလိုက်တော့သည်။

"တိုတို..နာ..ယဲ ကချားမယ်ရေ"

ခနအကြာ သူအရိပ်ထဲတွင်နေခိုင်းခဲ့သော ပေါက်စက
သူ့စကားကို နားမထောင်စွာ သူ့အနားကို ရောက်လာခဲ့၏

ပြီးတော့ ဘာတဲ့? သူလဲကစားမယ်တဲ့...ပေါက်စက
သူတို့အပင်စိုက်နေတာကို ကစားနေတယ်လို့ ထင်နေ၏..

ဒီဟာလေးနဲ့ကတော့..

"ပေါက်စ ကိုယ်မင်းကို အရိပ်ထဲမှာပဲ ထိုင်နေခဲ့ပါလို့
မှာထားခဲ့တယ်လေ...ပြီးတော့ ကိုယ်တို့က ကစားနေတာ
မဟုတ်ဘူးလေ..အလုပ်‌လုပ်နေတာ"

"ထိုင်..ချင်ပါဝူး....တိုတို တို့ကျ...ကချားနေပြီးရော့!
နာ့ယိုကျတော့...ပေးကချား..ဝူးး ဟွန့်! "

"ရော်...ကိုယ်တို့က တစ်ကယ်အလုပ်လုပ်နေတာပါ
ပေါက်စရ....ငပင်း ဟျောင့်..မင်းလဲကူပြော ပေးဦး.."

"ဟုတ်တယ်လေ ဝမ်လေးရ..အကိုတို့က ကစားနေတာ
မဟုတ်ဘူးလေ..အပင်စိုက်နေတာပါကွ"

ယွီပင်းရော ရှောင်းကျန့်ရော ပြောနေတာတောင်မှ
ထိုကလေးကနဲနဲမှကို လက်မခံပါ။

သူ့အမြင်မှာ ရှောင်းကျန့်တို့က ကစားနေတယ်လို့သာ
မြင်နေ၏...

"တိုတို..ချိတ်ပုပ်! ဟွန့်.."

"အမ်...

အလိုလိုနေရင်း ရှောင်းကျန့်တို့က စိတ်ပုပ်တယ်လို့
စွပ်ဆွဲခံနေရ......

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now