Unicode
ပေါက်စလား? မမေးပါနဲ့...! ရှောင်းကျန့်အကျ••တွေကို
ကတ်ကြေးနဲ့ညှပ်နေတယ်...။ရှောင်းကျန့်တောင် ရှာမတွေ့တော့တဲ့ ကတ်ကြေးကို
ပေါက်စက ဘယ်ကနေသွားဆွဲထုတ်လာမှန်း မသိ....
ထားပါလေ...ဒါကလဲသူ့ရဲ့ ပေါ့ဆမှုတစ်ခုပါပဲ....။အရေးကြီးတာက ထိုကလေး ကတ်ကြေးနဲ့ခိုက်မိရင်
ဘယ်လိုလုပ်မလဲ။"ပေါက်စ..ပေးစမ်း! အဲ့ဒီလက်ထဲက ကတ်ကြေး..!"
"အင်း....... ဝမ်ဝမ့်ဟာ..! ဝမ်ဝမ့်ဟာ...! "
"ဘာကိုဝမ်ဝမ့်ဟာလဲ...! ပေးစမ်းပါ ပေါက်စရယ်....
တော်ကြာနေခိုက်မိမယ်...အန္တရာယ်များတယ်...""ဝမ်ဝမ့်ဟာ.....ဝမ်ဝမ့်ဟာ...."
ပေါက်စက ခေါင်းမာလွန်းပါတယ်....ဘယ်လိုပင်
ဘယ်လောက်တောင်းတောင်း 'ဝမ်ဝမ့်ဟာ' ဆိုကာ
အတင်းငြင်းဆန်နေတာကြောင့် ကြာတော့လဲရှောင်းကျန့်
စိတ်မရှည်လှတော့.....အတင်းလုလို့ကလဲမဖြစ်! မတော်တဆ ခိုက်မိရင်
ဒုတ္ခ။"ပေါက်စကလိမ္မာပါတယ်နော်...ပြန်ပေးပါ."
"ဝမ့်ဝမ့်ဟာပါ..ချို..နေ..အင့် "
"ပေါက်စက မလိမ္မာဘူးလားပြော...! "
"ဟင့်..အင်း.."
"Fuck!!!
ဘာမှလာမပြောနဲ့..! လူပျိုကြီးလဲဆဲတတ်တယ်။
လူကသိပ်စိတ်ရှည်တာမဟုတ်ဘူး!။ချော့ပြောလဲမရ! မော့ပြောလဲ မရနဲ့ နောက်ဆုံး
ရှောင်းကျန့်လဲ ကြံရာမရတဲ့အဆုံး ချိုချဉ်လေးတစ်လုံးကို
ထုတ်လိုက်ကာ ပေါက်စမျက်နှာရှေ့သို့ထိုးပေး၍..."ပေါက်စ...မစားချင်ဘူးလား..? "
သူမေးတော့ ပေါက်စက မျက်လုံးလေးအရောင်
တလတ်လတ်ဖြင့် သူ့ကိုမော့ကြည့်လာပြီးနောက်
ရှောင်းကျန့်လက်ထဲက ချိုချဉ်လုံးလေးကို ယူဖို့ပြင်
တော့ ရှောင်းကျန့်က လက်ကိုနောက်ဆုတ်လိုက်သည်။ချက်ချင်း ပြိုတော့မယ့်မိုးလိုဖြစ်လာသည့် ပေါက်စရဲ့
မျက်နှာ.........။"ဒီအတိုင်းအလကားစားလို့မရဘူးလေ....အပေးအယူ
တစ်ခုလုပ်ရမယ်.."
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄