Unicode
"ရှောင်းကျန့်"
"ဟင်"
"စောစောစီးစီးကြီးဘာတွေ ထချက်နေတာလဲ"
မနက်အစောကြီးရေဆာလာလို့နိုးသွားရတဲ့ယွီပင်းက
မီးဖိုခန်းထဲက အသံများကြောင့်သွားကြည့်လိုက်တော့
ချက်ပြုတ်နေသောရှောင်းကျန့်ကိုတွေ့ရသည်။အဲ့ဒါနဲ့သူလဲ ဘာတွေချက်နေလဲဆိုတာကိုမေးကြည့်လိုက်
ခြင်းပင်..။"ဆန်ပြုတ် ပြုတ်နေတာ.."
"ဆန်ပြုတ် ပြုတ်နေတာ?
"အင်း.."
"နေပါဦးဆန်ပြုတ် ပြုတ်နေတာဆိုတော့တစ်ယောက်
ယောက်များဖျားနေလို့လား"ယွီပင်းက ရှောင်းကျန့်ကိုထိုသို့မေးလိုက်သည်။
"အင်း ဟုတ်တယ်..ဟို..ပေါက်စဖျားနေတာ.."
"အမ်..ညတုန်းကပဲအကောင်းကြီးရှိပါသေးတယ်ကွ"
"အအေးပတ်သွားတာနေမယ်.."
ရှောင်းကျန့်ကထိုသို့ပြောတော....
"အအေးပတ်ရအောင်လဲ ညတုန်းကမိုးတောင်မရွာတဲ့
ကိစ္စကို ရာသီဥတုကပုံမှန်ပါပဲ.."ဒီကောင်ငပင်းကွာ..တော်တော်ရစ်ရစ်!
"ကျစ်..အဲ့ဒါကကွာညတုန်းကသူဘောင်းဘီမဝတ်ထားလို့
အအေးပတ်သွားတာလဲဖြစ်နိုင်တာပဲ""အင်း ဟုတ်တယ်နော်"
"ကဲ စကားမများနဲ့တော့..ငါပေါက်စကိုဆန်ပြုတ်သွား
တိုက်လိုက်ဦးမယ်..မင်းငါ့ကိုရွာထဲမှာဆေးသွားဝယ်ပေး""အိုကေအိုကေ....ငါယန်ယန်ကိုပါခေါ်သွားလိုက်မယ်.."
"အင်း ဆေးကိုအဖျားပျောက်ဆေးနဲ့ အကိုက်အခဲ
ပျောက်ဆေးလို့ပြောပြီးဝယ်ခဲ့နော်..ငါစိတ်ချမယ်""အေးပါ.."
"အင်းအင်း...အဲ့ဒါဆိုလဲသွားတော့ ငါလဲပေါက်စကို
ဆန်ပြုတ်သွားတိုက်လိုက်ဦးမယ်"ရှောင်းကျန့်ကပြောပြီးတာနဲ့ပေါက်စရှိတဲ့သူ့ရဲ့အခန်းစီသို့
ဆန်ပြုတ်ပန်းကန်လေးကိုသယ်ကာတတ်သွားတော့သည်
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄