🍓extra🍓

496 40 3
                                    

Unicode

⚠️⚠️
(မကြိုက်တဲ့သူများ မဖတ်ကြဖို့
ပြောချင်ပါတယ်)

"ကိုကို.."

"...."

ခေါ်နေတာကို တစ်ခွန်းထဲနဲ့မထူးတော့
ဝမ်ပေါက်စတို့က နှုတ်ခမ်းထော်ချင်လာပြီ။

"ကိုကို လို့!

"ဟင်"

"ခေါ်နေတာကိုမထူးဘူး။ ဘယ်ကောင်မ
အကြောင်းတွေစဉ်းစားနေတာလဲ"

"မဟုတ်ပါဘူးဗျာ"

"ဘာကိုမဟုတ်တာလဲ? ခေါ်နေတာကိုလဲ
မထူးဘူး၊ ပြီးတော့စကားပြောတာတောင်
ငါ့ကိုမကြည့်ဘူး! အေးပေါ့ ကလေး
တစ်ယောက်တောင် မွေးထားပြီးမှတော့
ငါ့ကိုဘယ်ချစ်တော့မလဲ၊ ငါက
မလှတော့ဘူးလေ"

ရှောင်းကျန့်မှာ ရယ်ချင်စိတ်ကို
မနည်းထိန်းထားရသည်။ ဒီဟာလေး
နဲနဲစိတ်ကောက်တာနဲ့ ဘာတွေဘယ်လို
ကြံဖန်ပြီးရစ်တက်တယ်ဆိုတာ သူသာ
အသိဆုံးဖြစ်သည်။ သုံးနှစ်သာ
ရှိသေးတဲ့ သားသားကတောင်
သူ့လောက်ကလေးမဆန်။

အခုလဲရှောင်းကျန့်က သူ့အတွက်
မာဖလာလေးထိုးနေတာမို့ စိတ်က
လက်ထဲမှာရှိနေတဲ့ မပြီးမပြတ်သေးတဲ့
မာဖလာစီတွင်သာအာရုံကများနေရသည်
ဒါကို ကလေးဖအေပေါက်စလေးက
စိတ်ကောက်နေသည်။

ရိပေါ်တစ်ကယ်ပဲ ငိုချင်လာသည်။
ကိုကိုက သူပြောနေတာကိုတောင်
အရေးပင်မလုပ်။ မချစ်တော့ဘူးထင်ပါတယ်။

"အိမ်ပေါ်ကဆင်းမယ်"

ရုတ်တရက်ထပြောလာသော ပေါက်စကြောင့်
ရှေင်းကျန့်မျက်ခုံးတို့ စုကျုံ့သွားရသည်။

"ဟ ဘယ်လိုဖြစ်တာလဲ။ ဒီမှာကိုကိုက
မအားသေးလို့ပါပေါက်စရဲ့"

"မသိဘူး။ ကိုယ့်ကိုအရေးမလုပ်တဲ့သူနဲ့
တစ်အိမ်ထဲအတူမနေနိုင်ဘူး။ သားသားကို
ခေါ်ပေး "

"မခေါ်ပေးနိုင်ဘူး။ မင်းလဲအိမ်ပေါ်က
မဆင်းရဘူး.."

"ဟင့်.. ဆင်းမှာဆင်းမှာ.."

"ကျစ် ဆိုးလိုက်တာပေါက်စရာ၊
လာခဲ့..ဒီနား "

"လာဘူး ဟင့် "

🍓...Xiao's Werewolf Wang...🍓Where stories live. Discover now