Unicode
"ရားး အဲ့လိုစီးရတာမဟုတ်ဘူးလေ ပေါက်စ"
ရှောင်းကျန့်မှာ မနက်က သူအော်လိုက်လို့ ငိုနေတဲ့ ပေါက်စကိုချော့ပြီးတာနဲ့ ခြံထဲဆင်းဖို့ကို သူပြင်
ရတယ်။အဲ့ဒါနဲ့ ခြံထဲသွားဖို့အတွက် ပေါက်စအား ဖိနပ်
စီးပေးနေသည်ကို ဘယ်ဆိုညာလုပ်..ညာဆိုဘယ်လုပ်
နေသည့်ပေါက်စက ပြောမရဆိုမရပင်....."အဲ့လိုစီးရင် အစဉ်မပြေဘူးလေပေါက်စရဲ့....
ဒီမှာကိုယ်စီးပေးနေတာကို..."' ချွင်..! ချွင်..! ချွင်~
ပေါက်စရဲ့ ခြေထောက်အားကိုင်၍ ဖိနပ်ကို
အတင်းစွပ်ပေးနေရသည်မို့ ပေါက်စရဲ့ ခြေထောက်မှ
ခြူသီးလေးတွေစီက ကြယ်လောင်သော အသံများ
ထွက်ပေါ်လာရသည်။"ရပြီ..!ရပီ..! လာ..သွားမယ်"
ဖိနပ်ကိုစီးပေးလို့ပြီးသွားသည်နှင့် ရှောင်းကျန့်က
အသီးတွေထည့်ဖို့အတွက်ယူလာသော ခြင်းတောင်း
လေးအား ကျော၌လွယ်၍ ပေါက်စရဲ့လက်ကိုဆွဲကာ
ခြံထဲသို့ ထွက်ခဲ့တော့သည်။.............
" အင့်..ဟင့်..! ချွင်! ချွင်!
ခြံထဲသွားလို့ လမ်းတဝက်မှာပဲရှိသေး..ပေါက်စက
ဆွဲထားသော ရှောင်းကျန့်လက်ကို ဖြုတ်ကာ
နှုတ်ခမ်းလေးဆူ၍ မျက်နှာငယ်လေးဖြင့်
ခြေထောက်တို့အား ဆောင့်နေလေသည်။ခြေထောက်ကို ဆောင့်နေတာကြောင့် ခြူသံတွေကလဲ
တ'ချွင်ချွင်......"ဘာလဲ...?
ကြည့်!...လုပ်ပြန်ပြီ..! အချိန်ပြည့်ကို ချီခိုင်း
နေတော့တာပဲ...."ကျစ်..! မင်းမှာခြေထောက်မပါဘူးလား..?
ကိုယ့်ဖာသာ ကိုလျှောက်..!"ပြောပြီးတာနဲ့ ရှောင်းကျန့်က ပေါက်စကို ဂရုမစိုက်
တော့ပဲ ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့ကို ဆက်သွား
တော့တယ်.....ရှောင်းကျန့်လဲသွားနေရာမှ နောက်ကနေ ပေါက်စ
လိုက်လာသလို မခံစားရတာကြောင့် နောက်ကို
လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း....
ပေါက်စက ထိုနေရာတွင်ပဲ အဲ့ဒီအတိုင်းလေးပင်...
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄